သတင်းများ

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် အသက်(၄၀)နှစ်နှင့် အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinnovac) ဆက်လက်ထိုးနှံပေးလျက်ရှိ
Jan 13,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက်(၄၀) နှစ်နှင့်အထက် ပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီက ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် အမှတ်(၁၆)ရပ်ကွက်မြို့ဦးစေတီ၊ (၃၈)ရပ်ကွက်ရှိ မင်္ဂလာအေး ကျောင်းတိုက်၊ (၄၇) ရပ်ကွက်ဓမ္မာရုံတို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မိုင်းပျဉ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်း မျိုးကွဲဖြစ်သည့် အိုမီခရွန်ရောဂါပိုး မကူးစက်စေရေး အသိပညာပေးနှိုးဆော်
Jan 13,2022
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ယနေ့နံနက်တွင် ကိုဗစ်-၁၉ ရောဂါ၏ ဗီဇပြောင်းမျိုးကွဲတစ်မျိုးဖြစ်သည့် အိုမီခရွန်ရောဂါပိုး ကြိုတင်ကာကွယ် နိုင်ရေးအတွက် လိုက်နာသင့်သည့် နည်းလမ်းများကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနCommunity Centre ရုံးခန်းတွင် စာဖတ်ဝိုင်း ကျင်းပပြုလုပ်
Jan 13,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့ မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ရုံးခန်း၌ ယနေ့နံနက် (၉) နာရီအချိန်ခန့်က ပီတိ (ပေကြီး) ရေးသား သောပြည်သူတွေကို သိစေချင်တဲ့ ပြည်သူ့နိတိ အခြေခံသိစရာများ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ပြုလုပ်ဆောင်ရွက်ခဲ့ ပါသည်။
ကျိုက်မရောမြို့နယ်အတွင်းရှိရာဘာအထပ်သားစက်ရုံမီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက်မီးငြိမ်းသတ်နည်းလက်တွေ့သရုပ်ပြသ
Jan 13,2022
မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်တွင် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးမှု မရှိစေရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူးနှင့်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ယနေ့နေ့လည် ၂နာရီက ကဒါကျေးရွာအုပ်စုရှိ ကံကောင်းခြင်းရတနာ ရာဘာအထပ်သားစက်ရုံသို့ကွင်းဆင်း၍ စက်ရုံနှင့်ပတ်ဝန်းကျင်နေရာများ မီးဘေးလုံခြုံရေးအတွက်ကြိုတင်ပြင်ဆင်ထားရှိမှုများအား စစ်ဆေးကာ မီးငြိမ်းသတ်နည်းများကို လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြသည်။
ဟိုင်းကြီးကျွန်းမြို့ ပြည်သူ့စာကြည့်တိုက်တွင် Online မှတစ်ဆင့် စာအုပ်မိတ်ဆက်ခြင်း အစီအစဉ် ဆောင်ရွက်ပေးလျက်ရှိ
Jan 13,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် စာပေချစ်မြတ်နိုးသူ ပြည်သူများ စာပေဗဟုသုတရရှိစေရန် ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များကို နေ့စဉ် ရိုက်ကူးထုတ်လွှင့် တင်ဆက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက သမိုင်းပါမောက္ခ ဒေါက်တာကျော်ဝင်း(ငြိမ်း) ရေးသားထားသော "ပါတော်မူပြီးစ မြန်မာနိုင်ငံအခြေအနေ" စာအုပ်ဖြင့် စာအုပ်မိတ်ဆက်ခြင်း အစီအစဉ်ကို ရိုက်ကူးထုတ်လွှင့် တင်ဆက်ခဲ့သည်။
ဗဟန်းမြို့နယ်၌ ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါကင်းဝေးစေရန် ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ ပေးလျက်ရှိ
Jan 13,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်အတွင်း၊ ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါကင်းဝေးစေရန်နှင့် ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုများကို ဆက်လက်ကာကွယ် ထိန်းချုပ် နိုင်ရန်အတွက်၊ ကာကွယ်ဆေးများကို ပြည်သူများအား ဒုတိယအကြိမ်ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းနှင့် အသက် ၁၈ နှစ်နှင့် အထက်ပြည်သူများအား ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ၊ ကာကွယ်ဆေး ထိုးနှံရာတွင် အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိနေကြသည့် နိုင်ငံဝန်ထမ်းများနှင့် ဝန်ထမ်း မိသားစုဝင်များ၊ စေတနာ့ဝန်ထမ်းများနှင့် အများပြည်သူများအား ကာကွယ်ဆေးထိုးနှံ ပေးခြင်းကို ဗဟန်းမြို့နယ်၊ ကြားတောရလမ်းရှိမဂ်လာစျေး ဓမ္မာရုံနှင့် သိမ်ကြီးစျေးဓမ္မာရုံ တို့တွင်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံဆောင်ရွက်ပေးလျက်ရှိသည်။
ဒေါပုံမြို့နယ် အောင်ချမ်းသာရပ်ကွက်သို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆက်လက်ကွင်းဆင်းဆောင်ရွက်
Jan 13,2022
"လူနေမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ပန်းခင်းစီမံချက်ဖြင့် မြို့နယ်အတွင်းရှိ ပြည်သူ များအား  နိုင်ငံသားကတ်ပြားနှင့်  အိမ်ထောင်စုလူဦးရေစာရင်းကို  ရပ်ကွက်များအရောက် နေ့စဉ်ကွင်းဆင်း၍ ဆောင်ရွက်ပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က မြို့နယ်ဦးစီအရာရှိ ဦးမိုးကျော်သူညွန့်နှင့် ဝန်ထမ်းများသည် ပန်းခင်းစီမံချက်ဖြင့်  ရပ်ကွက်များအတွင်းသို့ ကွင်းဆင်း၍ နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ပြုလုပ်ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။
ထန်းတပင်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် ကျောင်းသား၊ ကျောင်းသူ(၃၀၄)ဦးတို့အား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ (အခမဲ့) နေ့ချင်းပြီး ဆောင်ရွက်ပေး
Jan 13,2022
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသည့် ရပ်ကွက်၊ ကျေးရွာနေပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိ စစ်ရေးကတ်ပြားများကို (အခမဲ့) ရပ်ကွက်၊ ကျေးရွာအုပ်စုများနှင့် အခြေခံပညာကျောင်းများ အရောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ကွင်းဆင်း ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက အ.ထ.က (ကျူတော)၊ အ.ထ.က (ခွဲ)အတွင်းရေကျော်နှင့် အ.ထ.က(ခွဲ)ကျိုက္ခနာ အခြေခံပညာကျောင်း (၃)ကျောင်းတို့ရှိ ကျောင်းသား၊ ကျောင်းသူ(၃၀၄)ဦးတို့အား နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။