သတင်းများ

ကျောက်ဆည်မြို့နယ်တွင် နှမ်းစိုက်တောင်သူများ ထွက်နှုန်းကောင်းပြီး ဈေးကောင်းရသဖြင့် အဆင်ပြေလျက်ရှိ
Jun 15,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ နှမ်းစိုက်တောင်သူများ အပင်ဖြစ်ထွန်းကာ ထွက်နှုန်းကောင်းပြီး ယခုအအခါ နှမ်းရိတ်သိမ်းချိန်ဖြစ်ကာ ရောင်းချရာတွင် ဈေးကောင်းရသဖြင့် နှမ်းစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ဝန်ထမ်းစွမ်းဆောင်ရည်မြင့်မားရေး Sketch Up သင်တန်းဖွင့်လှစ် သင်ကြားလျက်ရှိ
Jun 15,2021
ဟင်္သာတခရိုင်၌ ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ စွမ်းဆောင်ရည် မြင့်မားလာစေရေးအတွက် ရည်ရွယ်၍ Sketch Up သင်တန်းကို ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ဇွန်လ ဒုတိယပတ်က စတင်ဖွင့်လှစ် သင်ကြား ပေးလျက်ရှိကြောင်း သိရသည်။
ပြင်စလူမြို့တွင် ရေစီးရေလာကောင်းမွန်စေရေး လုပ်ငန်းညှိနှိုင်းမှုနှင့် အသိပညာပေး လုပ်ငန်းများဆောင်ရွက်
Jun 15,2021
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့ရှိ မြို့ပေါ်ရပ်ကွက်များ ရေစီးရေလာ ကောင်းမွန်စေရေးနှင့် သန့်ရှင်းသာယာမှုရှိစေရေး လုပ်ငန်းညှိနှိုင်းအစည်းဝေးကို ယနေ့နံနက် (၁၀:၀၀) နာရီအချိန်ခန့်က ပြင်စလူမြို့ အထွေထွေအုပ်ချုပ်ဦးစီးဌာန အစည်းဝေးခန်းမ၌  ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ပန်းတနော်မြို့၌ ထိရောက်သော မှုခင်းစီမံခန့်ခွဲမှုနှင့် တရားရုံးကဆောင်ရွက်သော အထူးမှုခင်းကိစ္စနှင့် စပ်လျဉ်း၍ မိတ်ဆက် တင်ပြခြင်းအခမ်းအနား ကျင်းပ
Jun 15,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် နိုင်ငံတစ်ဝှမ်းထိရောက်သော မှုခင်းစီမံခန့်ခွဲမှုနှင့် တရားရုံး ကဆောင်ရွက်သော အထူးမှုခင်းကိစ္စနှင့်စပ်လျဥ်း၍ မိတ်ဆက်တင်ပြခြင်း အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ခဲ့သည်။
ကျွန်းစုမြို့တွင် ကိုဗစ်-၁၉ ရောဂါ အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jun 15,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် ကိုဗစ်-၁၉ အရေးပေါ်တုံ့ပြန်ရကော်မတီ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို မြို့နယ်ကျွန်း ရတနာခန်းမတွင် ယမန်နေ့ မွန်းလွဲ(၃)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျွန်းစုမြို့တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုပညာ ဆိုင်ကယ်ပြင်သင်တန်းဖွင့်လှစ်
Jun 15,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေ ပြည်သူများ အလုပ်အကိုင်၊ အခွင့်အလမ်းများ ရရှိစေရေးအတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုပညာ ဆိုင်ကယ်ပြင်သင်တန်း(၁)လ ဖွင့်လှစ်သင်ကြားမည်ဖြစ်ရာ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ (၁၁)နာရီခွဲအချိန်က ကျွန်းစုမြို့နယ်၊ တာရပိုင်းကျေးရွာအုပ်စု၊ တာရပိုင်းကျေးရွာ၊ သာသန ဟိတကာရီ ဘုန်းတော်ကြီး ကျောင်းတိုက် ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သာစည်မြို့နယ် ကျေးလက်ကုန်ထုတ်လမ်း ဆောင်ရွက်မှုများ အရည်အသွေးပြည့်မီရေး ကွင်းဆင်း ကြည့်ရှုစစ်ဆေး
Jun 15,2021
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း(မူလ) ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ကျေးလက် ကုန်ထုတ်လမ်းများ အရည်အသွေးပြည့်မီရေး တာဝန်ရှိသူများ ယမန်နေ့ ညနေပိုင်းက ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့ကြောင်း အဆိုပါ ဦးစီးဌာနမှ သိရသည်။
သဲကုန်းမြို့နယ်တွင် နှာခေါင်းစည်း Mask Campaign အခမဲ့ဝေငှခြင်းနှင့် ကိုဗစ်-၁၉ အသိပညာပေး လှုံ့ဆော်ခြင်းဆောင်ရွက်
Jun 15,2021
ပဲခူးတိုင်းဒေသကြီး၊ ​ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးယဥ်ထွေး ဦးဆောင်၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွား မှုအား ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများ အပြင် ထွက်တိုင်း နှာခေါင်းစည်း (Mask) များ အခမဲ့တပ်ဆင်ပေးခြင်းလုပ်ငန်း Mask Campaign ကို ယနေ့ နံနက်(၇)နာရီအချိန်က မြို့မစျေးနှင့်လူစည်ကားရာ​နေရာများ၌ ဆောင်ရွက်ခဲ့သည်။