"တူယှဉ်နွဲပျော် ဂီတပွဲတော်" တေးသီးချင်း သီဆိုမှုပြိုင်ပွဲတွင် ဧရာ၀တီတိုင်းဒေသကြီး ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်မည့် သူများ၏ ပြိုင်ပွဲဝင်သီချင်းများ အစမ်းလေ့ကျင့်သီဆိုမှု အခမ်းအနား ကျင်းပ

ပုသိမ်    ဇန်နဝါရီ   ၁၂

၂၀၂၂ ခုနှစ်ဖေဖော်ဝါရီလ (၁၂)ရက် နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စု နေ့ကို  ဂုဏ်ပြုသည့်အနေဖြင့် "တူယှဉ်နွဲပျော် ဂီတပွဲတော်တေးသီးချင်း သီဆိုမှုပြိုင်ပွဲ  (Level. 2) အဆင့်ပြိုင်ပွဲနှင့် (Level. 1)အဆင့်အုပ်စု (E) ပြိုင်ပွဲတွင် ဧရာ၀တီတိုင်းဒေသကြီး ကိုယ်စားပြု ပါဝင် ယှဉ်ပြိုင်မည့် ဒေါ်ချိုမီမီဇော်နှင့် ဒေါ်ဇင်သူသူထွန်းတို့၏ ပြိုင်ပွဲဝင်သီချင်းများ အစမ်းလေ့ကျင့် သီဆို မှုအခမ်းအနားကို ပုသိမ်မြို့ ဧရာရွှေဝါခန်းမ၌ နေ့လည်(၁)နာရီတွင် ကျင်းပခဲ့သည်။

 "တူယှဉ်နွဲပျော် ဂီတပွဲတော်" တေးသီချင်း သီဆိုမှုပြိုင်ပွဲ (Level. 2)အဆင့်တွင် ယှဉ်ပြိုင်မည့် ပြိုင်ပွဲ ဝင် ဒေါ်ချိုမီမီဇော်မှ ပြဌာန်းသီချင်း "ကမ္ဘာတည်သရွေ့ " (တေးဆို အောင်ထက်၊ တေးရေး စောခူဆဲ) တေးသီချင်းဖြင့် သီဆိုဖျော်ဖြေခြင်းဖြင့် စတင်ခဲ့ပြီး၊ (Level. 1)အုပ်စု (E) ပြိုင်ပွဲဝင် ဒေါ်ခင်သူသူထွန်းမှ ပြဌာန်းသီချင်း ကမ္ဘာ့ငြိမ်းချမ်းရေး(တေးဆို ဒေါ်မာမာအေးတေးရေး မြို့မငြိမ်း) သီဆိုခြင်းပြိုင်ပွဲဝင် ဒေါ်ချိုမီမီဇော်မှ ပြဌာန်းသီချင်း "ချစ်ခြင်းတရား" (တေးဆို နီနီခင်ဇော်၊ တေးရေး ဟင်္သာတ (မြင့်ငွေ) သီဆိုခြင်း၊ Level (1) အုပ်စု (E) ပြိုင်ပွဲဝင် ဒေါ်ခင်သူသူထွန်းမှ စိတ်ကြိုက်သီချင်း "သုံးရွေ့လယ်"  (တေးဆို ဒေါ်မာမာအေး၊ တေးရေး နန်းတော်ရှေ့ ဆရာတင်) သီဆိုခြင်းပြိုင်ပွဲဝင် ဒေါ်ချိုမီမီဇော်မှ ပြဌာန်းသိချင်း "ဇာတိနွယ်" (တေးဆို ဒေါ်ကြည်အောင်၊ တေးရေး နန်းတော်ရှေ့ဆရာတင်) သီဆိုခြင်း (Level. 2) ပြိုင်ပွဲဝင် ဒေါ်ချိုမီမီဇော်မှ စိတ်ကြိုက်သီချင်း"ဆယ်မိုး ဆယ်နွေ" (တေးဆို ဒေါ်မာမာအေးတေးရေး ကိုလေးညွန့်) တေးသီချင်းများ သီဆိုခြင်းတို့ဖြင့် သီဆိုတင် ဆက်ခဲ့ကြရာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ကြည့်ရှုအားပေးခဲ့ကြသည်။

ခရိုင် (ပြန်/ဆက်)