ပြင်စလူမြို့တွင် လူထုအခြေပြုဗဟိုဌာန (Community Centre )၌ စာဖတ်ဝိုင်းကျင်းပ

ပြင်စလူ   ဇန်နဝါရီ    ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့ရှိ ဒေသခံပြည်သူများ စာဖတ်ခြင်းဖြင့် ဉာဏ်ရည်ဉာဏ်သွေး ဗဟုသုတများ တိုးပွားစေရန် နှင့်ကျန်းမာရေးဆိုင်ရာ ဗဟုသုတများ တိုးပွားလာစေရန်၊ စဉ်းစားတွေးခေါ်တတ်စေရန် ရည်ရွယ်၍ ပြင်စလူမြို့၊ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာများ ပူးပေါင်းစီစဉ်ကျင်းပသော ဒို့ကျေးရွာဂျာနယ် အတွဲ ၁၈၊ အမှတ်  ၂၄ ဒီဇင်ဘာလ ထုတ်မှ ဒေါက်တာမြင့်သန်းထွန်း ရေးသား သည့်လေထုညစ်ညမ်းမှုအန္တရာယ်ကို ကာကွယ်ပါ၊ ပြင်စလူမြို့နယ်မြေရဲစခန်းမှ စခန်းမှူး ဦးအေးမင်းထွဋ္ဌ်က ထွန်းလတ်ကိုရေးသားသည့် ကျွဲနွား များမှတစ်ဆင့် လူကိုကူးစက်တတ်သော တီဘီရောဂါသိကောင်းစရာများအား ယနေ့မွန်းလွဲ (၂) နာရီအချိန်က ကျန်းမာရေးဝန်ကြီးဌာန ၏ညွန်ကြားချက်များနှင့်အညီ Social Distancing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။

စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် မြို့အုပ်ချုပ်ရေးမှူး ဦးရဲဝင့်ထွန်းက ဒေါက်တာမြင့်သန်းထွန်း ရေးသားသည့် လေထုညစ်ညမ်းမှုအန္တရာယ်ကို ကာကွယ်ပါ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ထွန်းလတ်ကို ရေးသားသည့် ကျွဲ၊ နွားများမှတစ်ဆင့်လူကို ကူးစက်သော တီဘီရောဂါအကြောင်း သိကောင်းစရာများ ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးကြပြီး တက်ရောက်လာကြသော ဒေသခံစာပေဝါသနာရှင်များက အပြန်အလှန် တစ်ဦးချင်းစီအလိုက် ရှင်းလင်းဆွေးနွေးခဲ့ကြ ကြောင်းသိရသည်။

အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲသို့  ပြင်စလူမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးရဲဝင့်ထွန်းနှင့် ဌာနဆိုင်ရာများ၊ဒေသခံပြည်သူများ Book Club အဖွဲ့ဝင်များတက်ရောက်ခဲ့ကြောင်း သိရသည်။

ဇော်ဝင်းထွန်း (ပြန်/ဆက်)