သတင်းများ

မုဒုံမြို့၌ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် ကျန်းမာရေး အသိ ပညာပေးဟောပြောပွဲကျင်းပ
Jan 12,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်း ကျောင်းတွင် ယမန်နေ့မွန်းလွဲ ၃ နာရီက ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် ကျန်းမာရေး အသိပညာပေးဆိုင်ရာ ဟောပြောပွဲကို အဆိုပါ သင်တန်းကျောင်း၌ ကျင်းပခဲ့သည်။
ကျောက်ပန်းတောင်းမြို့နယ်လူထုအခြေပြု ဗဟိုဌာနတွင် မသန်စွမ်းသူများအကြောင်း အသိပညာပေးဆွေးနွေးပွဲပြုလုပ်
Jan 12,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ မသန်စွမ်းသူများအကြောင်း အသိပညာပေးဆွေးနွေးပွဲ(Talk Show)ကို၊ ယနေ့ မွန်းလွှဲ (၁)နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျိုက်မရောမြို့နယ်အတွင်းရှိ ကျေးရွာစာ​ကြည့်တိုက်များသို့ သုတ/ ရသစာအုပ်များ ပေးအပ်လှူဒါန်းပွဲ ကျင်းပ
Jan 12,2022
မွန်ပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်းမှ ကျိူက်မရောမြို့နယ်အတွင်းရှိ ရှင်သန်ခိုင်မာသော ကျေးရွာစာကြည့်တိုက်များသို့ ဖြန့်ဝေရန်အတွက် လှူဒါန်းထားသည့် သုတ/ ရသစာအုပ်များအား ထပ်ဆင့်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက လူထုအခြေပြုဗဟိုဌာန ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဝက်လက်မြို့ လူထုအခြေပြုဗဟိုဌာန ( Community Centre) ခန်းမတွင် သဘာဝပိုးနှင့် ဆေးပြုလုပ်သုံးစွဲနည်းအကြောင်း သိကောင်းစရာအသိပညာပေး ( Talk Show) ဆွေးနွေးပွဲ ဆောင်ရွက်
Jan 12,2022
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့တွင် သဘာဝပိုးနှင့် ဆေးပြုလုပ်နည်းအကြောင်း သိကောင်းစရာ အသိအညာပေး ( Talk Show) ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီ အချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန ( Community Centre) ခန်းမတွင် (Online) မှတစ်ဆင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထီးချိုင့်မြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်
Jan 12,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ မီးဘေးအန္တရာယ် ကြုံတွေ့လာပါက ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့က မြို့မအားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ချောက်မြို့နယ်၌ အခြေခံမီးသတ်ပညာ(မွမ်းမံ) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Jan 12,2022
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၌ မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်း၊ ချောက်/လမ်းရွာ ရေနံမြေရှိ ဌာနဆိုင်ရာ ဝန်ထမ်းများအား မီးဘေးကြိုတင် ကာကွယ်သည့် အနေဖြင့် လုပ်ငန်းခွင်သင်တန်းကျောင်းတွင် ယနေ့ နံနက် ၈နာရီ ခွဲအချိန်ကစ အခြေခံ မီးသတ်ပညာ(မွမ်းမံ) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပသည်။
ပေါင်းတည်မြို့တွင် ပြည်သူ့စာကြည့်တိုက် Facebook Page မှတစ်ဆင့် အရည်အသွေးပြည့်မီသော ပုံပြင်ပြောအစီအစဉ် ထုတ်လွှင့်ရေး ပုံပြင်ပြောပြိုင်ပွဲကျင်းပ
Jan 12,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် ယနေ့နံနက်(၁၀)နာရီအချိန်က ပြည်သူ့စာကြည့်တိုက်မှတစ်ဆင့် အရည်အသွေးပြည့်မီသည့် ပုံပြင်ပြောအစီအစဉ်များ လွှင့်တင်ပေးနိုင်ရန်အတွက် ပုံပြောပြိုင်ပွဲကို ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်း ချက်များနှင့်အညီ ပြုလုပ်ကြောင်းသိရသည်။
ဝေါမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Jan 12,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်း  ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ် တားဆီးရေးဆိုင်ရာအချက်များကို  ရပ်ကွက်နှင့် ကျေးရွာများသို့ သွားရောက်၍ ယနေ့နံနက်ပိုင်းက ဝေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနမှ ဝန်ထမ်းများကအသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက် ခဲ့သည်။