စေတုတ္တရာမြို့နယ်၌ ကိုဗစ်-၁၉ ဗီဇမျိုးကွဲသစ် ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်

စေတုတ္တရာ ဇန်နဝါရီ ၁၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာ မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ဗီဇပြောင်း မျိုးကွဲသစ်  အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများကို  ယနေ့တွင် ဌာနဆိုင်ရာများ ပူးပေါင်း၍  စေတုတ္တရာ မြို့နယ်၊ မကြီးစုကျေးရွာအတွင်း အသိပေးနှိုးဆော်ခဲ့ကြသည်။

ယင်းသို့ ဆောင်ရွက်ရာတွင် မြို့နယ်ဌာနဆိုင်ရာများ ပူးပေါင်းပြီး ကျေးရွာ ပြည်သူများ အနေဖြင့်   ယခုဖြစ်ပေါ်နေသော ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန်သည် နိုင်ငံများ၌ ကူးစက်မှုများလာခြင်း၊ မူလ ကိုဗစ်-၁၉ရောဂါနှင့် မတူညီခြင်း၊ ယခင်ကိုဗစ်-၁၉ ဖြစ်ပွားသူများလည်း ထပ်မံဖြစ်ပွားနိုင်ခြင်း၊ ရောဂါကူးစက်မှု မြန်ဆန်ခြင်းတို့ကြောင့် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးနှံကြရန်၊ ကျန်းမာရေးဝန်ကြီးဌာနမှ လမ်းညွှန်ထုတ်ပြန်ချက်များကို လိုက်နာဆောင်ရွက်ကြရန်၊ ကိုဗစ်-၁၉ မျိုးဗီဇပြောင်း  အိုမီခရွန် ရောဂါပိုးနှင့်ပက်သက်၍ ပြည်သူများအနေဖြင့် စိုးရိမ်ကြောင့်ကြမှု မရှိစေရန်နှင့် သတ်မှတ် စည်းမျဉ်း စည်းကမ်းများကို လိုက်နာ ဆောင်ရွက်ကြရန် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)