သတင်းများ

ဓနုဖြူမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၄င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း (MCCT)အစီအစဥ် Digital Literacy ဆင့်ပွားသင်တန်း ကျင်းပ
Jan 14,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၄င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း(MCCT)အစီအစဥ် Digital literacyဆင့်ပွား သင်တန်းကို ယမန်နေ့က ကျင်းပခဲ့သည်။
လောင်းလုံးမြို့ပေါ်ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်ရောဂါပိုး ကြိုတင် ကာကွယ်ရေးအသိပေးနှိုးဆော်ခြင်းနှင့် နှာခေါင်းစည်း Mask များ အခမဲဖြန့်ဝေ
Jan 14,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထား၀ယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွါးမှုမဖြစ်ပေါ်စေရေးနှင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ(အိုမီခရွန်) ရောဂါပြန့်ပွါးမှုကို ထိရောက်စွာ ကာကွယ်နိုင်ရန်နှင့် ကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ကြရန် အသိပေးနှိုးဆော်ခြင်းလုပ်ငန်းကို ယနေ့၊ နံနက်(၈)နာရီခွဲ အချိန်က လောင်းလုံးမြို့ပေါ်ရပ်ကွက်အတွင်း အသိပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့သည်။
မင်းဘူးမြို့ အထွေထွေအုပ်ချုပ်ရေး အစည်းဝေးခန်းမ၌ ကိုဗစ်ကာကွယ်ဆေးထိုးနှံရေး ညှိနှိုင်းအစည်းအဝေးကျင်းပ
Jan 14,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် အထွေထွေအုပ်ချုပ်ရေး အစည်းဝေးခန်းမတွင် ကိုဗစ်ကာကွယ်ဆေး ဆက်လက်ထိုးနှံရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ပိုင်ကျုံမြို့ ပြည်သူ့စာကြည့်တိုက်တွင် Online မှတစ်ဆင့် အသိပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက် ပေးလျက်ရှိ
Jan 14,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့ စာကြည့်တိုက်တွင် ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန်အတွက် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း Online မှတစ်ဆင့် ဆောင်ရွက်ပေးလျက်ရှိသည်။
ဝေါလေမြိုင်မြို့၌ ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်(Omicron)ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပေးချက်များနှင့် ကာကွယ်ဆေးထိုးနှံကြရန် လိုက်လံနှိုးဆော်
Jan 14,2022
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့၌ ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron)ရောဂါပိုး ကူးစက်မှုမရှိစေရေးအတွက်  ကြိုတင်ကာကွယ်ရေး အသိပေးချက်များနှင့် ကာကွယ်ဆေးထိုးနှံကြရန် နှိုးဆော်မှုများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက  ရပ်ကွက်များအတွင်း (Hand Speaker) ဖြင့် လိုက်လံနှိုးဆော်ခဲ့သည်။
ပွင့်ဖြူမြို့နယ်၌ အခြေခံရှေးဦးပြုစုနည်းသင်တန်းဆင်းပွဲ ကျင်းပ
Jan 14,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြီးမှူးဖွင့်လှစ်သည့် အခြေခံရှေးဦးပြုစုနည်းနှင့် ထိခိုက်ဒဏ်ရာရှေးဦးပြုစုနည်းသင်တန်းဆင်းပွဲကို ယမန်နေ့ညနေ ၄ နာရီက ပွင့်ဖြူမြို့နယ် ကြက်ခြေနီအသင်းခွဲရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
သံတောင်ကြီးမြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်ပြသ
Jan 14,2022
သံတောင်ကြီး ဇန်နဝါရီ ၁၄ ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ဒေသခံပြည်သူများ၊ လူငယ် လူရွယ်များ ၊ ကျောင်းသူ၊ ကျောင်းသားများမှ အသိပညာဗဟုသုတရရှိစေရန်နှင့် မူးယစ်ဆေးဝါးအန္တရာယ်
ကရင်ပြည်နယ် ဘောဂလိမြို့တွင် ယခုနှစ်ကွမ်းသီးများ ဈေးကောင်းရရှိ၍ ဥယျာဉ်ခြံလုပ်ကိုင်သူများ အဆင်ပြေ
Jan 14,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့သည် တောင်ပေါ်ဒေသဖြစ်၍ ဒေသခံပြည်သူများမှာ အများအားဖြင့် ဥယျာဉ်ခြံလုပ်ငန်းကို အသက်မွေးဝမ်းကျောင်းအနေဖြင့် အဓိကလုပ်ကိုင် ဆောင်ရွက်လျက်ရှိရာ ယခုနှစ်တွင် ကွမ်းသီးများ ဈေးကောင်းရရှိလျက်ရှိကြောင်း သိရသည်။