ပိုင်ကျုံမြို့ ပြည်သူ့စာကြည့်တိုက်တွင် Online မှတစ်ဆင့် အသိပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက် ပေးလျက်ရှိ

ပိုင်ကျုံ  ဇန်နဝါရီ  ၁၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့ စာကြည့်တိုက်တွင် ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန်အတွက် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း Online မှတစ်ဆင့် ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ရာတွင် စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိတ်သတ် ပြည်သူများနှင့် ကျောင်းသား/သူ လူငယ်လူရွယ်များ  အသိပညာဗဟုသုတ တိုးပွားစေရန် Online မှတစ်ဆင့် ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ သုတ/ရသ စာအုပ်စာစောင်များမိတ်ဆက်ခြင်း၊ အရုပ်ခေါက်ပြခြင်း အစီအစဉ်နှင့် အသိပညာပေး Talk Show အစီအစဉ်များအား ရိုက်ကူးပြီး ပိုင်ကျုံမြို့ ပြည်သူ့ စာကြည့်တိုက် Facebook Page မှတစ်ဆင့် ထုတ်လွှင့်ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ပြည်သူသို့ အသိပေး ပန်ကြားချက်များကိုလည်း ဒေသခံ တိုင်းရင်းသား ပြည်သူများ သိရှိလိုက်နာစေရန်အတွက် ကရင်၊ မြန်မာနှစ်ဘာသာဖြင့် အသိပညာပေး နှိုးဆော်ခြင်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပိုင်ကျုံ (ပြန်/ဆက်)