ဘောဂလိ ဇန်နဝါရီ ၁၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့သည် တောင်ပေါ်ဒေသဖြစ်၍ ဒေသခံပြည်သူများမှာ အများအားဖြင့် ဥယျာဉ်ခြံလုပ်ငန်းကို အသက်မွေးဝမ်းကျောင်းအနေဖြင့် အဓိကလုပ်ကိုင် ဆောင်ရွက်လျက်ရှိရာ ယခုနှစ်တွင် ကွမ်းသီးများ ဈေးကောင်းရရှိလျက်ရှိကြောင်း သိရသည်။
ဘောဂလိမြို့ကွမ်းသီးစိုက်ပျိုးတောင်သူများအနေဖြင့် တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းအတွက် ကွမ်းပင်များကို စိုက်ပျိုးလျက်ရှိပြီး ကွမ်းသီးပင်များကို စိုက်ပျိုးသည့် အချိန်မှစကာ အပင်သက်တမ်း(၇)နှစ်တွင် စတင်သီးပြီး အသီးရင့်မှည့်သည့်အချိန်တွင် ခူးယူရောင်းချလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကွမ်းသီးပင်တစ်ပင်လျှင် အရင့်မှည့်သီးများကို နှစ်ပြန်အထိခူးယူလေ့ရှိပြီး ယခုနှစ် ကွမ်းသီးအခြောက် တစ်ပိဿာကျပ်(၁၀၀၀၀)မှ ကျပ်(၁၂၀၀၀) အထိ ဈေးကောင်းများ ရရှိသည့်အတွက် ကွမ်းသီးစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ဘောဂလိ(ပြန်/ဆက်)