သံတောင်ကြီး ဇန်နဝါရီ ၁၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ဒေသခံပြည်သူများ၊ လူငယ် လူရွယ်များ ၊ ကျောင်းသူ၊ ကျောင်းသားများမှ အသိပညာဗဟုသုတရရှိစေရန်နှင့် မူးယစ်ဆေးဝါးအန္တရာယ် သိရှိစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ယနေ့နံနက် (၁၀) နာရီအချိန်က မူးယစ်ဆေးဝါး အန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်အား ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ နံရံကပ်စာစောင်တွင် မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး၊ မူးယစ်ဆေးဝါးအမျိုးမျိုး မူးယစ်ဆေးဝါး အမျိုးအစားများ၊ မြန်မာနိုင်ငံသို့ ဘိန်းစတင်ရောက်ရှိလာပုံ၊ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ၊ ကာကွယ်တားဆီးရေးလုပ်ငန်းများ၊ တန်ဖိုးရှိလှလူငယ်ဘဝ၊ မူး ယစ်ဆေးဝါးကင်းစင်ကျန်းမာမှ၊ စွဲစေတတ်သော မူးယစ်ဆေးဝါးများစသည့် အကြောင်းအရာများ အား ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)