မင်းဘူး ဇန်နဝါရီ ၁၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် အထွေထွေအုပ်ချုပ်ရေး အစည်းဝေးခန်းမတွင် ကိုဗစ်ကာကွယ်ဆေး ဆက်လက်ထိုးနှံရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ပြုလုပ်ရာတွင် မြို့နယ်ကော်မတီဥက္ကဌ ဦးတင်မြင့်က ဇန်နဝါရီ ၁၄ ရက် နံနက် ၈ နာရီအချိန်တွင် ကာကွယ်ဆေးများ ဆက်လက်ထိုးနှံခြင်းကို မင်းဘူးမြို့ ဦးဩဘာသခန်းမနှင့် စကုမြို့ကန်ဦးသဘာဝ တရားရိပ်သာတို့အပြင် ကျေးရွာများအရောက် ကွင်းဆင်း၍ Phase-4 နှင့် Phase-5 ဒုတိယအကြိမ် ဆေးထိုးနှံခြင်းများကို ပြုလုပ်ပေးသွားမှာဖြစ်ပြီး Phase-6 ပထမအကြိမ် ထိုးနှံခြင်းများကိုလည်း မကြာမီ ကာလများမှာ ဆက်လက်ထိုးနှံပေးသွားမှာဖြစ်ကြောင်း မိမိတို့အနေနဲ့ ရပ်ကွက်နှင့် ကျေးရွာများအတွင်း အသက် ၁၈ နှစ်ပြည့်ပြီး ကာကွယ်ဆေး တစ်ကြိမ်မျှ မထိုးနှံရသေးသောသူများကိုလည်း ကာကွယ်ဆေးများ လာရောက်ထိုးနှံကြရန် တိုက်တွန်းနှိုးဆော်ပေးစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသော ကိုဗစ်ကော်မတီဝင်များက ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ ရာတွင် ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ၏ပါဝင်မှု၊ တာဝန်ထမ်းဆောင်သူ ဝန်ထမ်းများနှင့် လာရောက်ထိုးနှံသူများ၏လုံခြုံရေး၊ ကောမတီဝင်များ၏ ပါဝင်ဆောင်ရွက်နိုင်မှုတို့ကို အခန်းကဏ္ဍအလိုက် အသီးသီးတင်ပြကြရာ မြို့နယ်ကိုဗစ် ကော်မတီဥက္ကဌက တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း၍ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ဇေယျာထက်(မင်းဘူး)