ဒေါပုံမြို့နယ် ဝါဆိုရပ်ကွက်သို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်းဆောင်ရွက်ပေး
Jan 14,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် အသက်(၁၀)နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အသက် (၁၈)နှစ် အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ၊ အိမ်ထောင်စု လူဦးရေစာရင်းတို့ကို အခမဲ့ ဝန်ဆောင် ပေးခြင်းကို ရပ်ကွက်များအတွင်းရှိ ပြည်သူများကို စဉ်ဆက်မပြတ် ကွင်းဆင်း ဆောင်ရွက်ပေး လျက်ရှိရာ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ဒေါပုံမြို့နယ် ဝါဆိုရပ်ကွက်သို့ သွားရောက်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်လိုသော ပြည်သူများကို နေ့ချင်းပြီးဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။