ဓနုဖြူ ဇန်နဝါရီ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၄င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း(MCCT)အစီအစဥ် Digital literacyဆင့်ပွား သင်တန်းကို ယမန်နေ့က ကျင်းပခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအေးကိုတင့်က (MCCT)အစီအစဥ် Digital literacy ဆင့်ပွားသင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားခြင်း၊ မြို့နယ်အမျိုးသမီးရေးရာ ဥက္ကဌ ဒေါ်နှင်းရွှေစင်က အဖွဲ့ဝင်များအနေဖြင့် စာရင်းကောက်ယူနိုင်ရေး ပူးပေါင်းဆောင်ရွက်ရန် ပြောကြားခဲ့ပြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရီရီမြင့်က တတိယအကြိမ်အဖြစ် ၂၀၂၁-၂၀၂၂ဘဏ္ဍာရေးနှစ် ၆လတာကာလအတွက် (MCCT)အစီအစဥ်အရ အကျိုးခံစားခွင့်ရှိသူများအား ထောက်ပံ့ပေးရန်အတွက် စာရင်းကောက်ယူနိုင်ရေး သင်တန်းပို့ချခဲ့သည်။
ဆက်လက်၍ AYA Bank မှ ဒေါ်ယုယုနိုင်က AYA Bank မှတဆင့် ငွေကြေးထောက်ပံ့ရာတွင် အကျိုးခံစားခွင့်ရှိသူများထံသို့ ထိရောက်စွာရောက်ရှိရန်အတွက် နည်းပညာအသုံးပြုပုံကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို နံနက်(၁၀)နာရီမှ ညနေ(၄)နာရီအထိ သင်တန်းပို့ချခဲ့ပြီး ရပ်ကွက်/ကျေးရွာတာဝန်ခံများနှင့် အမျိုးသမီးရေးရာ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်