သတင်းများ

မြဝတီမြို့၌ လုပ်ငန်းများအောင်မြင်စွာ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jan 14,2022
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၌ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် မြဝတီမြို့ရှိ နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်များ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/ ၂၀၂၂)ကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ကျင်းပ ပြုလုပ်ကြောင်း သိရသည်။
ကလိန်အောင်မြို့တွင် “လူငယ်တွေလမ်းမမှားနှင့် မူးယစ်ဆေးဝါးအန္တရာယ်” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲပြုလုပ်
Jan 14,2022
ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် (Book Club) စာအုပ်စာပေချစ်မြတ်နိုးသူများအသင်းတို့ပူးပေါင်း၍ “လူငယ်တွေလမ်းမမှားနှင့် မူးယစ်ဆေးဝါးအန္တရာယ်”ခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီခန့်တွင် ကလိန်အောင်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community  Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။
မော်လမြိုင်ကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်(Omicron) ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး Hand Speaker ဖြင့်လိုက်လံ နှိုးဆော်
Jan 14,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယနေ့နံနက် ၁၀ နာရီအချိန်၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron) ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက် များ၊ ပြည်သူများ လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် မြို့နယ်နေပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မဖြစ်မနေထိုးနှံစေရေးအတွက် မြို့နယ်အတွင်းလှည့်လည်နှိုးဆော် ဆောင်ရွက်ခဲ့သည်။
အင်းတော်ကြီးအိုင်သည် ဧရာဝတီမြစ်တွင် နေထိုင်ကျက်စားကြသည့် ငါးမျိုးစိတ်များ ဥဥ သားပေါက်သည့် နေရာတစ်ခုဖြစ်
Jan 14,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်ရှိ အင်းတော်ကြီးအိုင်သည် ဧရာဝတီမြစ်နှင့် ဆက်စပ်လျက်ရှိရာ ဧရာဝတီမြစ်အတွင်း၌ နေထိုင်ကျက်စားကြသည့် ငါးမျိုးစိတ်များ ဥဥ သားပေါက်သည့် နေရာတစ်ခုဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာန အင်းတော်ကြီးဒေသရုံးခွဲမှ သိရသည်။
လှိုင်းဘွဲမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့် ကိုဗစ်မျိုးကွဲ အိုမီခရွန်(Omicron) အကြောင်း ပိုးကရင်၊မြန်မာဘာ သာစကားတို့ဖြင့် ရပ်ကွက်များ၌ အသိပညာပေးနှိုးဆော်
Jan 14,2022
 ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊  ကိုဗစ်-၁၉ရောဂါကူးစက်မှုများ မဖြစ်ပေါ်စေရေး၊ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မြန်မာ ဘာသာနှင့်ပိုးကရင်ဘာသာ​စကားတို့ဖြင့် အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက် လျက်ရှိရာ ယနေ့နံနက်(၉)နာရီအချိန်က ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးနှင့် ကိုဗစ်မျိုးကွဲ အိုမီခရွန်(Omicron)အကြောင်း အများပြည်သူများသိရှိနိုင်စေရန် အတွက် ရပ်ကွက်များအတွင်းအသိပညာပေး လိုက်လံနှိုးဆော်ခဲ့ကြောင်းသိရသည်။
ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ‌ ကျေးရွာအရောက်ကွင်းဆင်းဆောင်ရွက်
Jan 14,2022
“လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဟူသည့်  ဆောင်ပုဒ်နှင့်အညီ နိုင်ငံသားတိုင်း ဥပဒေအရကိုင်ဆောင်သင့်သည့်  လက်မှတ်တစ်မျိုးမျိုးကိုင်ဆောင် နိုင်ရေးအတွက် ပန်းခင်း စီမံချက်ဖြင့် အိမ်ထောင်စုလူဦး‌ရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းကို ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ အိန္ဒရာဇာကျေးရွာအုပ်စု၌ ယမန်နေ့နံနက် ၉ နာရီအချိန်က အခမဲ့ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ဘူးသီးတောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Jan 14,2022
ရခိုင်ပြည်နယ် မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ နေ့လယ် ၁ နာရီ အချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် အထက(၂) ကျောင်းမှ ကျောင်းသား/ ကျောင်းသူများပူးပေါင်း၍ စာဖတ်ဝိုင်းပြုလုပ် ရာ ဘူးသီးတောင်မြို့နယ်ရုံးက ဒေါ်ခင်စောမိုး (စာထောက်-၃) ကစာရေးဆရာ ပီတာ(ပေကြီး) ရေးသားသည့် ပြည်သူ့နီတိ အခြေခံသိစရာများစာအုပ်ကို ဖတ်ရှုပြီးစာဖတ်ဝိုင်း ကျင်းပကြောင်း သိရသည်။
မော်လမြိုင်ကျွန်းမြို့နယ်တွင် ဧရာဝတီတိုင်းဒေသကြီး (MCCT) အစီအစဉ်ဖြင့် Digital Literacy ဆင့်ပွားသင်တန်း ဖွင့်ပွဲကျင်းပ
Jan 14,2022
ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ် အမျိုးသမီးရေးရာအဖွဲ့တို့မှ ပူးပေါင်းဖွင့်လှစ်သော ဧရာဝတီတိုင်းဒေသကြီး(MCCT) အစီအစဉ်ဖြင့် Digital Literacy ဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မော်ဧရာအစည်းအဝေးခန်းမ၌ ကျင်းပသည်။