သတင်းများ

ငါန်းဇွန်မြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်ပြည့်ပြီးသူများအားလုံးကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆမအသုတ် ပထမအကြိမ် စတင်ထိုးနှံပေး
Jan 14,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်ပြည့်ပြီးသူများအား လုံးကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ယမန်နေ့မှစ၍ မြို့နယ်အတွင်း ဇုံနယ်မြေအလိုက် ဆေးထိုးစုရပ် သတ်မှတ်နေရာများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆမအသုတ် ပထမအကြိမ် စတင်ထိုးနှံပေးကြောင်း သိရသည်။
ညောင်ဦးခရိုင် ငါ့သရောက်ဒေသတွင် တောပြားဆည်ရေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်း
Jan 14,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ငါ့သရောက်မြို့ တောပြားကျေးရွာတွင် တောပြားဆည်ရေဖြင့် ကန်စွန်း၊ ချဉ်ပေါင်၊ ခရမ်းချဉ်၊ မေမြို့ပန်း၊ ဂန္ဓမာပန်း၊ နေကြာ အစရှိသည့် စိုက်ပျိုးသီးနှံများ တစ်ပိုင်တစ်နိုင် စိုက်ပျိုးဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် နတ်တလင်းမြို့နယ်အတွင်းရှိ‌ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး
Jan 14,2022
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုး‌ဆွေ၀င်းနှင့် အဖွဲ့သည် နတ်တလင်းမြို့နယ်အတွင်းရှိ ဒေသဖွံ့ ဖြိုးရေး လုပ်ငန်းများအား ယမန်‌နေ့ နေ့လယ်ပိုင်းအချိန်က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ပြင်ဦးလွင်မြို့နယ်အတွင်း ကိုဗစ် -၁၉  ရောဂါကာကွယ်ဆေးများကို အသက် ( ၁၈) နှစ်နှင့် အထက်ပြည်သူများအား   ဒုတိယအကြိမ်  ဆက်လက်ထိုးနှံပေး 
Jan 14,2022
မန္တလေးတိုင်းဒေသကြီး၊  ပြင်ဦးလွင်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်‌ဆေးများထိုးနှံပေးခြင်းကို  ယနေ့  နံနက်  ၉ နာရီခွဲမှ စတင်ပြီး  ရပ်ကွက်ကြီး ( ၁ ) ရှိ  ချယ်ရီခန်းမဆောင်၌ ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ သတ်မှတ်နေရာ အသီးသီးတို့တွင်  မြို့ပေါ်ရပ်ကွက်နေပြည်သူများအား  ဒုတိယအကြိမ် ကာကွယ်ဆေးများ  ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။    
ချောက်မြို့နယ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက် (၉) ရပ်မှတ်တမ်း ဓါတ်ပုံတို့အားပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး အသိပညာပေး နံရံကပ်ပြသ
Jan 14,2022
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး အဝင်တွင် အလူမီနီယံမြေစိုက်ဘုတ်ဖြင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်ပါ ဓါတ်ပုံဗီနိုင်းနှင့် ရုံးရှေ့မြေစိုက်ဘုတ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးကျန်းမာရေး အသိပညာပေးပိုစတာနှင့် စာစောင်များ အား ယမန်နေ့ နံနက်ပိုင်း မှ စတင်၍ ပြသထားရှိရာ စာကြည့်တိုက်လာစာဖတ်ပြည်သူများက ကြည့်ရှုလေ့လာလျက်ရှိ ကြောင်းသိရသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ ဒေသခံပြည်သူများအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကိုဗစ်-၁၉ ကာကွယ်ဆေးလုံးရေ (Sinovac) ငါးသောင်းလှူဒါန်းလက်ခံ
Jan 14,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) အတွင်းရှိ ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါမှ ကာကွယ်နိုင်ရေးနှင့် နှစ်နိုင်ငံနယ်စပ် ဒေသနေပြည်သူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထပ်မံထိုးနှံနိုင်ရေး တို့အတွက် (Sinovac) ဆေးလုံးရေ ငါးသောင်းကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ တာဝန်ရှိသူမှ ယမန်နေ့ နံနက်ပိုင်းက မြန်မာ-တရုတ် နယ်စပ်ဂိတ်တစ်ခုဖြစ်သော နန်းတော်ဂိတ်တွင် မူဆယ် ခရိုင်မှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်မောင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းနှင့် ဆေးရုံ အုပ်ကြီး ဒေါက်တာဟန်နိုင်စိုးတို့ထံ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။     
မတ္တရာမြို့နယ်၌ အသက်၂နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းများ ဆောင်ရွက်ပေးနေ
Jan 14,2022
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် ပြည်သူ့ဆေးရုံတွင်  ကျန်းမာရေး ဝန်ထမ်းများမှ အသက်၂ နှစ်နှင့်အောက် ကလေးငယ်မျာအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများကို ဇန်နဝါရီလ ၄ ရက်နေ့မှစတင်၍ အပတ်စဉ်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်လည်း ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။