လားရှိုး ဇန်နဝါရီ ၁၄
လားရိူးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ လားရှိုးမြို့၊ အမှတ်(၇)ရပ်ကွက်ရှိ စိတ္တသုခဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ ဇန်နဝါရီ(၁၄)ရက် နံနက်(၉)နာရီခွဲ အချိန်က အားကစားဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ကြောင်းသိရှိရသည်။
အဆိုပါအသိပညာပေးဟောပြောပွဲ၌ လားရှိုးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်အားကာမှူး ဒေါ်ချောစုစုအောင်က အားကစားနှင့်ပတ်သက်သည်များကို ရှင်းလင်း ဟောပြောပေးခဲ့ပြီး အားကစားနည်းများဖြစ်သောဘော်လုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်းများအတွက် အားကစားပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ရာ စိတ္တသုခ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတိုက်ဆရာတော် ဦးဥက္ကဌ ကလက်ခံရယူခဲ့ပါသည်။
ထို့နောက် အားကာမှူးနှင့်နည်းပြအဖွဲ့ကဦးဆောင်ကာ fitness dance ကို သရုပ်ပြကပြခဲ့ရာ စိတ္တသုခ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ကျောင်းသားကျောင်းသူ(၉၃၀)ဦး ပါဝင်သရုပ်ပြသခဲ့ကြကြောင်း သိရှိရသည်။
မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနအနေဖြင့် အဆိုပါသရုပ်ပြကပြခြင်းများနှင့် အသိပညာပေး ဟောပြောပွဲများကို သတ်မှတ်ရက်များအလိုက် လားရှိုးမြို့ရှိအ ခြေခံပညာ ကျောင်းများသို့ လှည့်လည်ဟောပြောလျက်ရှိနေကြောင်းလည်း သိရှိရပါသည်။
ဟန်ဌေး