မကွေး ဇန်နဝါရီ ၁၄
မကွေးတိုင်းဒေသကြီးအတွင်း (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့တွင် ပြခန်းများ ပြသနိုင်ရေးနှင့်ဖျော်ဖြေရေးလုပ်ငန်းများ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီအချိန် က တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန် တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန် က အဖွင့်အမှာစကား ပြောကြားရာတွင် ပြည်ထောင်စုနေ့သည် မိမိတို့ မြန်မာနိုင်ငံလွတ်လပ်ရေး ရရှိရေးအတွက်ကြီးမားသော အခန်းကဏ္ဍတွင် ပါဝင်ခဲ့သည့် တိုင်းရင်းသားအားလုံး စည်းလုံညီညွတ်စွာဖြင့် ပင်လုံစာချုပ် ချုပ်ဆိုခဲ့သည့် နေ့တစ်တစ်နေ့ ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရအမှ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အား ခမ်းနားစွာ ကျင်းပသွားမည်ဖြစ်ပြီး မိမိတို့တိုင်းဒေသကြီးအနေဖြင့်လည်း (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားအား ခမ်းနားစွာ ကျင်းပသွားမည်ဖြစ်သဖြင့် လုပ်ငန်းညှိနှိုင်း အစည်း အဝေးသို့ တက်ရောက်လာကြသူများအနေဖြင့် ပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းအကြံပေးကြစေလိုကြောင်း၊ မိမိတို့ လုပ်ငန်းဆပ်ကော်မတီ အလိုက် ပြခန်းများ ခင်းကျင်းပြသဆောင်ရွက်ရာတွင် ပြည်သူများ စိတ်ဝင်စားပြီး အကျိုးပြုစေမည့် ပြခန်းများအား ခင်းကျင်းပြသဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာကြသူများမှ မိမိတို့ လုပ်ငန်းဆပ်ကော်မတီအလိုက် လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ဆက်လက် ဆောင်ရွက်မည့်အခြေအနေများ၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် တွေ့ကြုံရသော အခက်အခဲ များအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီးမှ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးအတွင်း (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားကို တိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာများ၏ ပြခန်းများဖြင့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၉)ရက်နေ့မှ (၁၂)ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုစည်သူ(မကွေး)