ကရင်ပြည်နယ်၊ ဘားအံခရိုင်အတွင်း ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေးကျင်းပ

ဘားအံ  ဇန်နဝါရီ  ၁၄

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကရင်ပြည်နယ်၊ ဘားအံခရိုင်အတွင်း ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည့် အိမ်‌ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်သည့် အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီခန့်က ဘားအံမြို့ ဇွဲကပင် ခန်းမ၌ ကျင်းပသည်။

အခမ်အနားတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကော်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်ကို ရှင်းလင်းပြောကြားပြီး ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးဌာနနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ ပြည်သူ့စစ်၊ NGO အဖွဲ့အစည်းများ၊ မိခင်နှင့်ကလေး၊ စစ်မှုထမ်းဟောင်း၊ အမျိုးသမီးရေးရာ၊ ငါးဦးကော်မတီအဖွဲ့ဝင်များ ပူးပေါင်းမှုအားကိုယူပြီး ပြည်နယ်အတွင်း ပန်းခင်းစီမံချက်ကို ဆောင် ရွက်လျက်ရှိကြောင်း၊ ပြည်နယ်အတွင်း မြို့နယ်(၇)မြို့နယ်၌ ဆောင်ရွက်လျက်ရှိရာ ဘားအံနှင့် လှိုင်းဘွဲမြို့နယ်တို့တွင် ဆောင်ရွက်ရမည့်ဦးရေကို ပြည့်မီအောင်ဆောင်ရွက် နိုင်ခဲ့ပြီဖြစ် ကြောင်း၊ ပြည်သူများ ကုန်ကျစရိတ်သက်သာစေရေး ဓါတ်ပုံရိုက်ကူးခ၊ သွေးစစ်ခ ကုန်ကျစရိတ်များအပြင် အခြားဖြည့်ဆည်းပေးရမည့် ကုန်ကျစရိတ်များကိုလည်း ပံ့ပိုးပေးလျက်ရှိကြောင်း၊ ပြည်နယ်အတွင်း ပန်းခင်းစီမံချက် အောင်မြင်စေရေးအတွက် ပြည်သူများနှင့် တိုင်းရင်းသားအဖွဲ့အစည်း များမှလည်း ပူးပေါင်းဆောင်ရွက်ပေးကြဖို့လိုကြောင်း ပြောကြား သည်။

ထို့နောက် ကရင်ပြည်နယ်လူမှုရေးရာဝန်ကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ကရင်ပြည်နယ်ဦးစီးမှူးဦးစိုးလွင်က နိုင်ငံသားစိစစ်ရေးကတ်ပြား အသုံးဝင်ပုံများအား ရှင်းလင်း ပြောကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဇော်မင်းအောင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသိန်းကိုကို၊ ကရင်အမျိုးသားအစည်းအရုံး/ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ( KNU/KNLA-PC) ဒုတိယဥက္ကဋ္ဌ ဒေါက်တာ နော်ကပေါ်ထူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်နှင့်ဘားအံမြို့နယ်အတွင်း ပန်းခင်စီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို   ပေးအပ်ခဲ့ကြသည်။

ယနေ့ကျင်းပပြုလုပ်သည့် အိမ်‌ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပေး အပ်သည့် အခမ်းအနားတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန လှိုင်းဘွဲမြို့နယ် ဦးစီးမှူးရုံးမှ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သော အိမ်ထောင်စုလူဦးရေစာရင်း ၁၆၀ ခု၊ နိုင်ငံသား စိစစ်ရေးကတ်ပြား ၈၂၅ ကတ်၊ ဘားအံမြို့နယ် ဦးစီးမှူးရုံးမှ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သော နိုင်ငံသားစိစစ်ရေးကတ်ပြား ၂၀၂၂ ကတ် စုစုပေါင်း နိုင်ငံသားစိစစ်ရေး ကတ်ပြား၂၈၄၇ ကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်း ၁၆၀ ခုတို့ကို ပေးအပ်ခဲ့ပြီး ပန်းခင်းစီမံချက်ကာလအတွင်း ဘားအံ မြို့နယ်တွင် လူဦးရေ ၃၂၀၁၂ ဦးနှင့် လှိုင်းဘွဲမြို့နယ်တွင် လူဦးရေ ၁၉၅၀၈ ဦးကို နိုင်ငံသား စိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးရန် လျာထားခဲ့ရာ အဆိုပါမြို့နယ်(၂)မြို့နယ်တွင် ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးသည့်အပြင် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ရန် ထပ်မံကျန်ရှိသူများနှင့် အသက်ပြည့်မီလာမည့်သူများအား ပန်းခင်းစီမံချက်ဖြင့် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသူများကိုယ်စား ကိုယ်စားလှယ်တစ်ဦးက ကျေးဇူး တင်စကား ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေး ကောင်စီ ( KNU/KNLA-PC ) ဒုတိယဥက္ကဋ္ဌတို့က တက်ရောက်လာသူများအာ ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။

ကရင်ပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ၏ (၁/၂၀၂၂)ကြိမ်မြောက် အစည်း အဝေးကို ဇန်နဝါရီလ ၁၄ ရက်နေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အပါ်ထပ်အစည်း အဝေးခန်းမ၌ ကျင်းပ သည်။

အစည်းအဝေးတွင် ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ကိုဗစ်-၁၉ ကူးစက်မြန် ကမ္ဘာ့ကပ်ရောဂါကြောင့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း အချို့ရပ်ဆိုင်းခဲ့ရပြီး ဒေသအတွင်းရှိ လုပ်ငန်းရှင်များ ထိခိုက်မှု ရှိခဲ့ကာ ဒေသခံပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းများ လျော့နည်းကျဆင်းသွားခဲ့ရကြောင်း၊ ပြန်လည်ကုစားသည့် အနေဖြင့် ဖြေလျော့မှုအချို့ကို ဆောင်ရွက်ပေးခဲ့ပြီး ကိုဗစ်ဆိုင်ရာ စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ခရီးသွားလုပ်ငန်းပြန်လည်ဦးမော့လာစေရေးအတွက် ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း၊ ခရီးစဉ်နေရာအသစ်များကို ထပ်မံဖော်ထုတ်ဆောင်ရွက်နေကြသကဲ့သို့ ခရီးစဉ်နေရာအဟောင်းများကိုလည်း ပြန်လည်မွမ်းမံပြင်ဆင်လျက်ရှိကြောင်း၊ ဒေသတွင်း ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုး တိုးတက်လာစေရေး ယခုအစည်းအဝေးသို့ တက်ရောက်လာသူများက ရင်းနှီးပွင့်လင်းစွာ ရှင်းလင်းဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ ပြည်နယ်စီးပွားရေးရာ ဝန်ကြီး ဦးစောခင်မောင်မြင့်က အမှာစကားပြောကြားပြီး ပြည်နယ်ဒေသဆိုင်ရာ ခရီးသွား လုပ်ငန်းကော်မတီအတွင်းရေးမှူး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ပြည်နယ်တာဝန်ခံ ဦးအေးမောင်လှိုင်က လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် (၁/၂၀၂၂) အစည်းအဝေးတွင် ဆုံးဖြတ်အတည်ပြုရမည့်ကိစ္စရပ်များအား (Power Point )ဖြင့် ရှင်းလင်းတင်ပြသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသူများက ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းတင်ပြဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ် က နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ကြောင်း သိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)