အင်္ဂပူမြို့ လူထုအခြေပြုဗဟိုဌာနတွင် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အကြိုအထိမ်းအမှတ် အရုပ်ဆက်ပြိုင်ပွဲကျင်းပပြုလုပ်

အင်္ဂပူ  ဇန်နဝါရီ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့တွင် ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျ ရောက်မည့် (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မူလတန်းအဆင့် အရုပ်ဆက် ပြိုင်ပွဲကို ယနေ့ နေ့လည်ပိုင်း (၁)နာရီအချိန်က ပြည်သူ့စာကြည့်တိုက်ရှိ Community Centre ခန်းမတွင် ကျင်းပ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

 ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သီသီရှိန် က ကလေး ငယ်များဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန်၊ စဉ်းစားတွေးခေါ်မှုအားကောင်းစေရန်၊ တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးမှုရရှိစေရန်၊ ပူးပေါင်းပါဝင်ဆောင်ရွက်တတ်သည့် အလေ့အကျင့်ရှိစေရန်၊ ပြည်သူ့စာကြည့် တိုက်အား အများပြည်သူဝင်ထွက်သွားလာနိုင်သည့်နေရာ၊ ပညာဗဟုသုတရှာမှီးရာနေရာတစ်ခုအဖြစ် သိရှိ စေရန်နှင့် နေ့ထူးနေ့မြတ်များအကြောင်းသိရှိစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း စသည်ဖြင့် ရှင်းလင်းပြောကြားပြီးနောက် ပြိုင်ပွဲကိုဆက်လက်ကျင်းပရာ ကျောင်းသား/သူ(၂၅)ဦးတို့က ပါဝင်ယှဉ်ပြိုင် ခဲ့ကြကြောင်း သိရှိရသည်။ 

မြို့နယ်