အမာမြို့  လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ အိုမီခရွန်အကြောင်း သိကောင်းစရာ အသိပညာပေး (Talk Show) ဆွေးနွေးပွဲဆောင်ရွက်

အမာ    ဇန်နဝါရီ   ၁၄

 

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့တွင်"အိုမီခရွန်"အကြောင်း သိကောင်းစရာများအကြောင်းကို ပြည်သူများ သိရှိစေရန်နှင့် လိုက်နာဆောင်ရွက်ကြစေရန်ရည်ရွယ်၍  အိုမီခရွန်အကြောင်းသိကောင်းစရာ အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယနေ့နံနက် (၁၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌  ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး နော်လေးလီယန်က  (Talk Show) ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး၊ ရုပ်သံကျွမ်းကျင်- ဒေါ်လှယဉ်သိန်းနှင့်အတူ အိုမီခရွန်အကြောင်းသိကောင်းစရာများ၊ ဗိုင်းရပ်စ်အသစ်တွေ့ရှိကြောင်း WHOကြေညာချက်၊ အိုမီခရွန်ရောဂါလက္ခဏာများ၊ ပြည်ပနိုင်ငံများနှင့်အိုမီခရွန်၊ အိုမီခရွန်၏ထူးခြားသော အချက်များ၊ မိမိကိုယ်ကိုကာကွယ်ရမည့် အချက်များကို Online မှတဆင့် အသိပညာပေးဆွေးနွေးမှုများကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။