သံတွဲမြို့၌ Youth Club အဖွဲ့ဝင်များစုပေါင်းသွေးလှူဒါန်း

သံတွဲ ဇန်နဝါရီ  ၁၄

သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန Youth Club အဖွဲ့ဝင်များစုပေါင်းသွေးလှူဒါန်းခြင်းကို ဇန်နဝါရီ ၁၄ရက် နံနက် ၁၁နာရီက သံတွဲခရိုင်ပြည်သူ့ဆေးရုံးကြီး သွေးလှူဌာနသို့သွားရောက်လှူဒါန်းခဲ့သည်။

ထိုသို့လှူဒါန်းရခြင်းမှာ  Youth Club စတင်ဖွဲ့စည်းခြင်းအထိမ်းအမှတ်အဖြစ် သံတွဲခရိုင်ပြည်သူ့ ဆေးရုံကြီး တွင် တက်ရောက်ကုသပြီး သွေးလိုအပ်သောလူနာများ သန့်ရှင်းလတ်ဆတ်သွေးဖြင့်အလွယ်တကူ အသက် ကယ်ကုသနိုင်ရေးတို့အတွက် ရည်ရွယ်ပြီး Youth Club အဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်းခြင်းဖြစ်ကြောင်း အဖွဲ့၏ဥက္ကဌဖြစ်သူ ကိုစည်သူနိုင်ကပြောကြားသည်။

အဆိုပါ စုပေါင်းသွေးလှူဒါန်းရာတွင် သွေးလှူရန်စာရင်းပေးသွင်းထားသူ ၂၀ ဦးအနက် အရေးပေါ် အလိုအပ်ဆုံး သွေးအမျိုးအစားများဖြစ်သည့် A  သွေး ၂လုံး၊  B သွေး၂လုံးနှင့် AB သွေး ၁လုံး စုစုပေါင်း ၅ လုံးကို လှူဒါန်းခဲ့ပြီး ကျန်သွေးအလှူရှင်များကို သွေးလိုအပ်သောအချိန်မှသာ ဆက်သွယ်လှူဒါန်းနိုင်ရန် စီစဉ်ထားရှိခဲ့ကြောင်း သိရှိရသည်။ သွေးလှူရှင်များကို Youth Club အဖွဲ့ဥက္ကဌနှင့် အတွင်းရေးမှူးတို့က ဦးဆောင်၍ အဟာရများကျွေးမွေးခဲ့ပြီး ကျေးဇူးတင်အားပေးစကားများ ပြောကြားခဲ့သည်။

ခရိုင်ပြန်/ဆက်