တောင်ကုတ် ဇန်နဝါရီ ၁၄
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ဌာနဆိုင်ရာဝန်ထမ်းများ စာအုပ်စာပေများမှ ရရှိသည့်အသိပညာဗဟုသုတများ တိုးပွား စေရန်နှင့် လွယ်လင့်တကူစာပေများအား ဖတ်ရှုနိုင်စေရန်ရည်ရွယ်၍ Mobile Library နယ်လှည့်စာအုပ်ငှားရမ်းခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်ညနေ ၃ နာရီအချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးရုံးသို့လည်းကောင်း ယနေ့နံနက် ၁၁ နာရီအအချိန် တွင် ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် မြို့နယ်စာရင်းစစ်ရုံးများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် မြို့နယ်ပြည်သူ့စာကြည့်တိုက်ပိုင် ပညာရပ် ဆိုင်ရာစာအုပ်များ၊ ဂန္တဝင်ဝတ္ထု စာအုပ်များ၊ မဂ္ဂဇင်းနှင့် ဝတ္ထုစာအုပ်များ စုစုပေါင်း (၉၀) အုပ်ဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးရုံး၊ ကျေးလက်ဖွံ့ဖြိုးရေးရုံး၊ မြို့နယ်စာရင်းစစ်ရုံးဝန်ထမ်း များအား ငှားရမ်းပေးခဲ့သည်။ ထို့အပြင် မြို့နယ် ပြည်သူ့စာကြည့်တိုက်ရှိ သုတ/ ရသစာအုပ် များကို လာရောက်ငှားရမ်းဖတ်ရှုနိုင်ရန်အတွက် အသင်းဝင်ကတ်ပြားများကိုလည်း ပြုလုပ် ပေးခဲ့ကြောင်း သိရသည်။
စန်းဝင်း(ပြန်/ဆက်)