မော်လမြိုင် ဇန်နဝါရီ ၁၄
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေ ပြု ဗဟိုဌာန (Community Center)ခန်းမ၌ ယနေ့ နံနက်၁၁ နာရီက စာပေချစ်မြတ်နိုးသူ(Women Club)အသင်းအဖွဲ့ဝင်များ စုပေါင်း၍ “ရည်မှန်းချက် နှင့် ပြဿနာအထွေထွေ”စာအုပ်ဖြင့်စာဖတ်ဝိုင်း ဆောင်ရွက်ကြောင်းသိရသည်။
စာဖတ်ဝိုင်းတွင် မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြတ်သီတာက စာပေချစ်မြတ်နိုးသူများဖြင့် စာဖတ်ဝိုင်း ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်နှင့် စာအုပ်၏အမှာစာများကို ဦးစွာရှင်းလင်းပေးပြီး အသင်း အဖွဲ့ဝင်ဒေါ်သီတာဝင်းက လူငယ်၊ လူရွယ်တိုင်းဘဝပန်းတိုင်အတွက် ရည်မှန်းချက်ထားရှိရမည် ဆိုသည့်အချက်ကို အကျယ်တဝင့်ဆွေးနွေးပေးသည်။
ထို့နောက်တက်ရောက်ကြသည့် အသင်းဝင်ဒေါ်နီလာအောင်ကဆွေးနွေးပေးသည့်အကြောင်း အရာအပေါ်မိမိတို့အမြင်များ၊ သုံးသပ်ချက်များကို အပြန်အလှန်ဆွေးနွေးကြသည်။ မော်လမြိုင် ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ဝိုင်းများ၊ အသိပညာပေးဆွေးနွေးပွဲများ ဆောင်ရွက်ပေးခြင်းသည် စာဖတ်ပရိသတ် လူငယ်၊ လူရွယ်များ စာဖတ်သည့် အလေ့အကျင့်အားကောင်းလာစေရန်၊ စာပေမှရရှိသည့် အသိပညာဖြင့် သူတပါးအားမျှဝေပေးနိုင်ရန်နှင့် ပူးပေါင်း ဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)