ကျိုက်မရောမြို့နယ်တွင် Mobile Library စနစ်ဖြင့် ဌာနဆိုင်ရာများသို့ စာအုပ်စာစောင်များငှားရမ်းပေး

ကျိုက်မရော   ဇန်နဝါရီ ၁၄


မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ MobileLibrary စနစ်ဖြင့် ဌာနဆိုင်ရာများသို့ စာအုပ်၊ စာစောင်များငှားရမ်းပေးခြင်းကို ယနေ့ နေ့လည်ပိုင်းက မြို့နယ်စီမံကိန်း ဦးစီးဌာနရုံးနှင့် သမဝါယမဦးစီးဌာနရုံးများသို့ သွားရောက် ဆောင်ရွက်ခဲ့သည်။

ထိုကဲ့သို့ စာအုပ်၊ စာစောင်များငှားရမ်းပေးရာတွင် စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ဝန်ထမ်းများအတွက် ပြန်/ဆက်ဦးစီးဌာနမှ ဝန်ထမ်းများက ရုံးဌာနများအရောက် ကိုဗစ်-၁၉ ကာကွယ်ရေးနည်းလမ်းများ နှင့်အညီ လစဉ်ထုတ်ဂျာနယ်များ၊ သုတ-ရသစာအုပ်များနှင့် မဂ္ဂဇင်းများကို အခမဲ့ငှားရမ်းပေးခြင်း၊ စာငှားကတ်များပြုလုပ်ပေးခြင်း၊ အသင်းဝင်ကတ်များ ပြုလုပ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြသည်။ အဆိုပါ    မိုဘိုင်းစာငှားလုပ်ငန်းများကို အပတ်စဉ်သောကြာနေ့နှင့် တနင်္လာနေ့များတွင် နယ်လှည့်ကွင်းဆင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ချိုမြတ်မြတ် ထွေး(ပြန်/ဆက်)