တောင်ကုတ်မြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်

တောင်ကုတ်  ဇန်နဝါရီ  ၁၄

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ်အတွင်း  ကိုဗစ်-၁၉ မျိုးကွဲသစ်  အိုမီခရွန် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်းများအားအရှိန်အဟုန် မြှင့်ဆောင်ရွက်လျက် ရှိရာ ယနေ့နံနက် နာရီအချိန်က မြို့ပေါ်ရပ်ကွက်များသို့ လှည့်လည်၍ အသိပညာပေး နှိုးဆော်ခြင်းများအား ဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပညာပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ ရောဂါနှင့်စပ်လျဉ်း၍ ဗီဇပြောင်း မျိုးကွဲသစ်ဖြစ်သည့် အိုမီခရွန် ကူးစက်ပျံ့နှံ့မှုသည် ရက်ပိုင်းအတွင်း နိုင်ငံအရေအတွက် ပိုမိုများပြားလာပြီး ကိုဗစ် -၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းမျိုးကွဲသစ် အိုမီခရွန်ရောဂါပိုးသည် မိမိတို့နိုင်ငံတွင် စတင်တွေ့ရှိလာသည့်အတွက် ကြိုတင်ကာကွယ်နိုင်ရန်အတွက် ပြည်သူများ အနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေးနည်းလမ်း များနှင့်အညီနေထိုင်ကြရန်နှင့် ကာကွယ်ဆေးများကိုလည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ထိုးနှံပေးလျက်ရှိရာ မိဘပြည်သူများအနေဖြင့်လည်း မပျက်မကွက်အကြိမ်ရေပြည့်မီစွာ ထိုးနှံပေးကြရန်စသော အချက်များအား မြို့ပေါ်ရပ်ကွက်များရှိ  လမ်းဆုံ၊ လမ်းခွနေရာများသို့ လှည့်လည်ကာ အသိပညာပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

စန်းဝင်း(မြို့နယ်ပြန်ဆက်)