သရက်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိရာ ( ၄၄၁၃၄ ) ဦး ဆေးထိုးနှံပြီးစီး

သရက်  ဇန်နဝါရီ  ၁၄

မကွေးတိုင်းဒေသကြီး သရက်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ပြည်သူများ လာရောက်ထိုးနှံနေကြသဖြင့် ကျန်းမာရေးဝန်ထမ်းများမှ ယနေ့ နံနက် ၉ နာရီက ပြည်တော်အေးရပ်ကွက်ရှိ ဆင်ဖြူတော်ဘုရားဝန်းရှိ ဓမ္မာရုံတွင်  ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

အဆိုပါ ကာကွယ်ဆေးထိုးလုပ်ငန်းများအား သရက်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ ဆရာတော် သံဃာတော်များနှင့် ပြည်သူများအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရန် ကာကွယ်ဆေး(၁၀၀၈၈)လုံး ရရှိခဲ့၍ သတ်မှတ်စုရပ်များတွင် ခရိုင်နှင့်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ကြီးကြပ်မှုဖြင့် ဆေးထိုးနှံရန်ကျန်ရှိနေသူများ အား ဆက်လက်ထိုးနှံပေးလျက်ရှိရာ ဇန်နဝါရီ ၁၃ ရက်နေ့အထိ လာရောက်ထိုးနှံသူ(၄၄၁၃၄) ဦးအား ဆေးထိုးနှံပြီးစီးခဲ့ကြောင်း ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ သိရသည်။                                                        

ဇော်ဝမ်းထွန်း(အောင်လံ)