လမိုင်း ဇန်နဝါရီ ၁၄
မွန်ပြည်နယ် မော်လမြိုင်ခရိုင်၊ လမိုင်းမြို့အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားလျက်ရှိသော အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်(ဒုတိယအသုတ်)ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီက စုရပ်နေရာဖြစ်သည့် လမိုင်းမြို့ အ.ထ.ကကျောင်းတေဇဆောင်ခန်းမ၌ စတင်ထိုးနှံပေးနေကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံသည့် အုပ်စု(၃)အုပ်စုမှာလမိုင်း မြို့၊ ကော့ဒွတ်ကျေးရွာ၊ မော့ကနင်ကျေးရွာမှအသက်(၁၂) နှစ်အထက် ကျောင်းသား/ ကျောင်းသူ(၈၃၅)ဦးထိုးနှံပေးခဲ့ပြီး ယခုအခါ ဒုတိယအကြိမ်(ဒုတိယအသုတ်) စတင်ထိုးပေး ၍ ကျန်းမာရေးဝန်ထမ်းများနှင့် ဆရာ/ဆရာမများက ကာကွယ်ဆေးမထိုးမီ ကျောင်းသား/ ကျောင်းသူများအား စာရင်းရေးသွင်းခြင်း၊ အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများအပြင် ဆေးထိုးပြီး ကျောင်း သား/ကျောင်းသူများအား မိနစ်(၃၀)ခန့်အနားယူစေပြီး ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးကြသည်။ အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို လမိုင်းမြို့ရှိ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဆရာ/ဆရာမများ အင်တိုက်အားတိုက် ပူးပေါင်း၍ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
“ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ အသက်(၁၂)နှစ်အထက် ကျန်ရှိနေသေးသော ကျောင်းသား၊ ကျောင်းသူများကို ဆက်လက်ထိုးနှံ ပေးသွားမည်ကြောင်းသိရ သည်။
ဖြူဖြူအေး(ပြန်/ဆက်)