ကျိုက်မရောမြို့နယ်ပြည်သူ့ စာကြည့်တိုက်တွင် Online မှတစ်ဆင့်စာအုပ်မိတ်ဆက်ခြင်းအစီအစဉ်ဆောင်ရွက်ပေး

ကျိုက်မရော     ဇန်နဝါရီ  ၁၄

မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့ စာကြည့်တိုက်တွင် စာပေချစ်မြတ်နိုးသူပြည်သူများ စာပေနှင့်ရင်းနှီးကျွမ်းဝင်အောင်နှင့် စာကောင်းပေမွန်များကို ရွေးချယ်လေ့လာဖတ်ရူတတ်စေရန် ရည်ရွယ်၍ On Line မှတစ်ဆင့်  အသိပညာပေးခြင်း အစီအစဉ်များကို နေ့စဉ်ရိုက်ကူးထုတ်လွှင့် တင်ဆက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက စာရေးဆရာငွေလင်းရေးသားသည့် "သည်မိုးနှင့် သည်မြေ အညာဓလေ့ ဝတ္တုတိုများစာအုပ်ဖြင့် စာအုပ်မိတ်ဆက်ခြင်း အစီအစဉ်ကို ရိုက်ကူးတင်ဆက်ပေးသည်။

ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင် သည့် စာဖတ်ပရိတ်သတ်များ၊ ပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူသားငယ်၊ သမီးငယ်လေးများအတွက် ကလေးငယ်များ ကြိုက်နှစ်သက်သည့် ရုပ်ပြစာအုပ်များ၊ ပုံပြင်စာအုပ်များ၊ ဉာဏ်စမ်းစာအုပ်များ စသည်တို့ကို စာပေဗဟုသုတ ရရှိ စေရန်အတွက် ဦးစီးမှူးနှင့်ဝန်ထမ်းများက On Line မှတစ်ဆင့် မိတ်ဆက်ပေးခြင်း၊ ပုံပြင် ပြောပြခြင်း၊ အစီအစဉ်၊ ကဗျာရွတ်ခြင်း၊ စက္ကူအရုပ်ခေါက်ခြင်းစသည့် အစီအစဉ်များကို ဉ်ဆက်မပြတ် ရိုက်ကူးပြီး ကျိုက်မရောမြို့ ပြည်သူစာကြည့်တိုက် Facebook Page မှတစ်ဆင့် တင်ဆက်ပေးလျက်ရှိကြောင်းသိရသည်။

ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)