သထုံမြို့၌ ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါ ကာကွယ်ရေး အရှိန်အဟုန်မြှင့် လိုက်လံနှိုးဆော်

သထုံ   ဇန်နဝါရီ    ၂၀

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်ဖြစ်ပွားမှု ကြိုတင်ကာကွယ် နိုင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများမှ ယနေ့နံနက်က မြို့တွင်း လမ်းမကြီး တစ်လျှောက်နှင့်လမ်းသွယ်တို့၌ လက်ကိုင် အသံချဲ့စက်ဖြင့် လှည့်လည အသိပညာပေး နှိုးဆော်ခဲ့ကြသည်။

ထိုသို့ အသိပေးနိုးဆော်ရာတွင် ကိုဗစ်-၁၉ရောဂါ ဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန် ကူးစက်ပျံ့နှံ့မှုသည် ရက်ပိုင်းအတွင်း နိုင်ငံအရေအတွက် ပိုမိုများပြားလာခြင်း၊ အိုမီခရွန် မျိုးကွဲသစ်သည် မူလကိုဗစ်-၁၉နှင့် လုံးဝမတူတော့ခြင်း၊ လက်ရှိကာကွယ်ဆေးများ၏ ထိရောက်မှု လျော့ကျနိုင်ခြင်း၊ ယခင် ကိုဗစ်-၁၉ရောဂါ ဖြစ်ဖူးသူများလည်း ထပ်မံဖြစ်ပွား နိုင်ခြင်းနှင့် ရောဂါကူးစက်မှု ပိုမိုမြန်ဆန်ခြင်းတို့ကြောင့် မိဘပြည်သူများ အနေဖြင့် ရောဂါကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ဟန့်တားနိုင်ရေးအတွက် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်  စည်းကမ်းချက်များအား  ဆက်လက်လိုက် နာကျင့် သုံးသွားကြပါရန်နှင့် ကာကွယ်ဆေးကိုလည်း အကြိမ်ရေပြည့်ဝစွာထိုးနှံပေးကြရေး၊ ရောဂါကူးစက်ပါက  နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်၍ ဆေးကုသမှုခံယူရေး၊ ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ဆောင်ရန်/ရှောင်ရန် အချက်များကို လိုက်နာခြင်းဖြင့် ပြည်သူများက ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေရေး စသည်တို့ကို ပညာပေး လိုက်လံနှိုးဆော် ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)