စဉ့်ကိုင် ဇန်နဝါရီ ၂၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် မြသီတာပန်းခြံ၀င်း အတွင်းရှိသတ်မှတ်ထားသော ခန်းမမြေနေရာတွင် တိုင်းဒေသကြီး ဖွံ့ဖြိုးရေးထောက်ပံ့ ရန်ပုံငွေဖြင့် မင်္ဂလာအချိန်ဖြစ်သော ယနေ့ နံနက်(၉)နာရီခွဲက မြို့နယ်ခန်းမ ပန္နက်တင် မင်္ဂလာအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ မြို့နယ်ခန်းမ ပန္နက်တင် မင်္ဂလာအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဦးဗိုလ်အောင်မောင်မောင်၊ အဖွဲ့၀င်(၁) ဗိုလ်မှူးပြည့်ဖြိုးအောင်၊ အဖွဲ့၀င် ဦးရွှေခိုင်၊ မြို့နယ်စည်ပင် အမှုဆောင်အရာရှိ ဦးလှ၀င်းနှင့်မြို့နယ်ခန်းမ အရည်အသွေး စစ်ဆေးရေးနှင့် လက်ခံရေးအဖွဲ့တို့က မင်္ဂလာပန္နက်တိုင်များ စိုက်ထူပေးခဲ့ပြီးမြို့နယ်ခန်းမအား အရည်အသွေးပြည့်မီရေး၊ စံချိန်စံညွှန်းပြည့်မီရေး၊ သတ်မှတ်ထားသည့်ကာလအတွင်း အမြန်ပြီးစီးရေးဆောင်ရွက်သွားရန် တာ၀န်ရှိသူများက လိုအပ်သည်များကို " အိုင် " မန္တလေးကုမ္ပဏီ တာ၀န်ခံ အင်ဂျင်နီယာ ဦးမင်းကိုကိုနှင့်ညှိနှိုင်း ဆောင်ရွက်ခဲ့သည်။
စဉ့်ကိုင်မြို့နယ် ခန်းမသည် ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ်၊ မန္တလေးတိုင်းဒေသကြီး ဖွံ့ဖြိုးရေးထောက်ပံ့ရန်ပုံငွေသိန်း(၂၄၅၀)ဖြင့် အကုန်အကျခံဆောက်လုပ်သွားမည်ဖြစ်ရာ အဆောက်အဦးမှာ( Steel Structure)အမျိုးအစားဖြစ်ပြီး အလျား(၁၂၀)ပေ၊ အနံ(၆၈)ပေ၊အမြင့်(၁၈)ပေဖြင့် ဆောက်လုပ်သွားမည်ဖြစ်ကြောင်းမြို့နယ်စည်ပင်အမှုဆောင်အရာရှိ ဦးလှ၀င်း ထံကသိရသည်။
၀င်း၀င်းသန်း(စဉ့်ကိုင်)