ကသာမြို့၌ ကျောင်းသား၊ ကျောင်းသူပေါင်း(၃၂၁၀)ဦးကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးဖြစ်

ကသာ ဇန်နဝါရီ ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၌ ဇန်နဝါရီလ(၁၈)ရက်နေ့အထိတွင် မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူပေါင်း (၃၂၁၀)ဦးကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်အထိ ထိုးနှံပြီးဖြစ်ကြောင်း သိရသည်။

ကသာမြို့နယ်တွင် COVID Shield ကာကွယ်ဆေးကို လူဦးရေပေါင်း(၂၆၀၀)ဦးနှင့်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm)ကို ဇန်နဝါရီလ(၁၈)ရက်နေ့အထိတွင် လူဦးရေပေါင်း (၂၁၁၅၅)ဦးတို့ကို ဒုတိယအကြိမ်အထိ ထိုးနှံပြီးဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ သိရသည်။

ထို့အပြင် ကသာမြို့တော်ခန်းမ၌ မြို့နယ်အတွက် ထပ်မံရောက်ရှိလာသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးရသေးသည့် ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား ပထမအကြိမ်ထိုးနှံခြင်း၊ ပထမအကြိမ် ထိုးနှံပြီးသည့် ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား ဒုတိယအကြိမ် ထိုးနှံပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။

ခရိုင်(ပြန်/ဆက်)