ကန်ကြီးထောင့် ဇန်နဝါရီ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ (၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ယနေ့နံနက် ၁၀ နာရီကကျင်းပရာ အမှတ်(၃)ရပ်ကွက်၊ မြို့သစ်အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဇင်မာဦးက ပြိုင်ပွဲများကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်များနှင့် ပြိုင်ပွဲစည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူလေးများက ပူစီဖောင်းဖောက်ပြိုင်ပွဲ၊ အပ်နဖားထိုးပြိုင်ပွဲ၊ မုန့်စားပြိုင်ပွဲနှင့် ကြက်ခွပ်အားကစားနည်းများကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ထို့နောက် အားကစားပြိုင်ပွဲအသီးသီးတွင် ပထမ၊ ဒုတိယနှင့်တတိယဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူလေးအား တာဝန်ရှိသူများက ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)