ငပုတောမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် Omicron ရောဂါကာကွယ်ရေး ပြည်သူ များအား နှာခေါင်းစည်းများ ဖြန့်ဝေပေး

ငပုတော ဖေဖော်ဝါရီ ၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီ ခရွန်(Omicron)ရောဂါ ကာကွယ်ရေးအတွက် လူစည်ကားရာနေရာများဖြစ်သည့် မြို့မဈေးနှင့် မြို့မတံတားတို့တွင် နှာခေါင်းစည်း mask များကို ယနေ့နံနက် ၈ နာရီအချိန်ခန့်က ဖြန့်ဝေပေးခဲ့ကြသည်။

အဆိုပါ နှာခေါင်းစည်း mask များဖြန့်ဝေရာသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဇင်မြတ်မင်းထွဋ်နှင့် ဝန်ထမ်းများ ကျန်းမာရေး ဌာနမှ ဝန်ထမ်းများ၊ စည်ပင် သာယာရေးအဖွဲ့မှ ဝန်ထမ်းများ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ဒေသခံပြည်သူများအား နှာခေါင်းစည်း mask များဖြန့်ဝေ ပေးခဲ့သည်။

ငပုတောမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် Omicron ရော ဂါပိုးတွေ့ရှိသူ(၄) ဦးအထိ ရှိနေပြီဖြစ်ပြီးဆက်လက်၍ ရောဂါပိုး မပြန့်ပွားစေရန် ရည်ရွယ်၍ ယခုလို ပူးပေါင်းအဖွဲ့မှ နှာခေါင်းစည်း mask များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

နုနုအေး(ပြန်/ဆက်)