ဖျာပုံမြို့၌ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ် ဖူဆယ်ဘောလုံးပြိုင်ပွဲကျင်းပ

ဖျာပုံ    ဖေဖော်ဝါရီ    ၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား မြို့နယ်ဌာနပေါင်းစုံ ဖူဆယ်ဘောလုံးပြိုင်ပွဲကို ယမန်နေ့ နံနက်(၉)နာရီက ဖျာပုံမြို့နယ် ပြည်သူ့အားကစားခန်းမ၌ ကျင်းပသည်။

အဆိုပါ ဖူဆယ်ဘောလုံးပြိုင်ပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ထားမောင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များက ဦးဆောင်၍ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်ဌာနဆိုင်ရာပေါင်းစုံ ဖူဆယ်ဘောလုံးပြိုင်ပွဲကို ကျင်းပရာ ဖျာပုံမြို့နယ်အတွင်းရှိ ဖူဆယ်ဘောလုံးပြိုင်ပွဲဝင်အသင်း စုစုပေါင်း(၁၀)သင်းဝင်ရောက်ယှဉ်ပြိုင်ကြပြီး အုပ်စုပတ်လည်စနစ်ဖြင့် နံနက်(၉)နာရီအချိန်မှ စတင်ကာ တစ်နေ့လျှင် (၅)သင်းပတ်လည် စနစ်ဖြင့် ယှဉ်ပြိုင်ကြပြီး ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကို (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့တွင် ကျင်းပပြုလုပ်ကြမည်ဖြစ်ကြောင်း သိရှိရသည်။

အောင်ဝင်းနိုင်(ဖျာပုံ)