ဓနုဖြူ ဖေဖော်ဝါရီ ၆
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် (၇၅) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အမျိုးသား ဖူဆယ် ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၈) နာရီအချိန်က ဖူဆယ်အားကစားကွင်းတွင် ကျင်းပခဲ့သည်။
ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးကိုတင့်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အားကစားသမားများ က သစ္စာအဓိဌာန်(၄)ချက်ရွတ်ဆိုကာ အခမ်းအနား ဖွင့်လှစ်ခဲ့သည်။ အဆိုပါ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲတွင် မြို့နယ်အတွင်းရှိ အသင်း(၉) သင်းမှ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ပြိုင်ပွဲအား (၆-၂-၂၀၂၂) ရက်နေ့မှ (၁၁-၂-၂၀၂၂) ရက်နေ့ အထိ ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)