ကျွန်းစုမြို့တွင် ကျောင်းသား/သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေး

ကျွန်းစု ဖေဖော်ဝါရီ ၆

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျွန်းစု မြို့နယ်ရုံးက ဖေဖော်ဝါရီလ(၄)ရက်နေ့နှင့် (၅)ရက်နေ့တို့တွင် အ.ထ.က ပထက်‌ကျောင်း၌  ကျောင်းသား/သူများ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်လဝကဦးစီးမှူး ဦးဇော်ထွန်းလင်းနှင့် ‌ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့် အညီ အသက်(၁၀)နှစ်ပြည့် နိုင် ၃(က) (၃၀၆)ဦး၊ အသက်(၁၈)နှစ်ပြည့် နိုင် ၆(က) (၆)ဦး၊ စုစုပေါင်း(၃၁၂)ဦးတို့အား ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

ထိုနောက် မြို့နယ်လဝက ဦးစီးမှူး ဦးဇော်ထွန်းလင်းက ပြုလုပ်ပေးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ပြုပြင်ခြင်းနှင့် ပျောက်ဆုံး၊ ပျက်စီးမှုများ ရှိပါက သက်ဆိုင်ရာ ဦးစီးဌာနသို့ ဆက်သွယ်ပြုလုပ်နိုင်ကြောင်း၊ နိုင်ငံသား စိစစ်ရေးကတ်ပြား ကိုင်ဆောင်သူများ၏ ရပိုင်ခွင့်များနှင့် လိုက်နာရမည့် အချက် များ၊ အကျိုးကျေးဇူးများအား ရှင်းလင်း ပြောကြားခဲ့ပြီး ဆောင်ရွက်ပြီးစီးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ကျောင်းသား/သူများထံ ပေးအပ်ခဲ့ကာ ပန်းခင်းစီမံချက်နှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် လက်ကမ်းစာစောင်များအား အခမဲ့ဖြန့်ဝေပေး ခဲ့ကြောင်း သိရသည်။

စည်သူရအောင်(ကျွန်းစု)