ငါးသိုင်းချောင်းမြို့ လူထုအခြေပြုဗဟိုဌာန၌ (Fitness Dance) အားကစား (အခမဲ့) သင်တန်းဆင်းပွဲ ကျင်းပ

ငါးသိုင်းချောင်း ဖေဖော်ဝါရီ ၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ယနေ့နံနက်ပိုင်းက ရေကြည်မြို့နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာနနှင့် ငါးသိုင်းချောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း ဖွင့်လှစ်သည့် (Fitness Dance) အားကစား (အခမဲ့) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

သင်တန်းဆင်းပွဲအခမ်းအနား၌ ရေကြည်မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြို့နယ်အား ကစားမှူးဒေါ်နှင်းနှင်းအေးကသင်တန်းသား၊သင်တန်းသူများသို့ အားကစားဝတ်စုံများ ပေးအပ်ချီး မြှင့်ခဲ့ပြီး မြို့နယ် အားကစားမှူး‌နှင့် မြို့ပြန်/ဆက်ဦးစီးမှူးတို့က သင်တန်းဆင်းပွဲ အမှာစကားပြော ကြားခြင်း၊ သင်တန်းသား၊ သင်တန်းသူများနှင့် ရေကြည်မြို့နယ်(Fitness Dance)အားကစားအဖွဲ့က ထာဝရသစ္စာ၊ ဒီဇင်ဘာ (Fitness Dance)အားကစားသီချင်းများဖြင့် လေ့ကျင့်ကစားခြင်း အစီအစဉ် များကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းကို ငါးသိုင်းချောင်းမြို့ လူထုအခြေပြုဗဟိုဌာန၌ (၂၀၂၁)ခုနှစ်၊ ဒီဇင်ဘာလ (၁၄) ရက် နေ့မှ(၂၀၂၂)၊ ခုနှစ်ဇန်နဝါရီလ (၂၆)ရက်နေ့အထိ ရက်သတ္တတစ်ပတ်လျှင် အင်္ဂါ၊ ဗုဒ္ဓဟူးနေ့တိုင်း(၂)လ တိုင်တိုင်(အခမဲ့) ဖွင့်လှစ်သင်ကြားပေးခဲ့ရာ သင်တန်းသား၊ သင်တန်းသူဦးရေ (၁၀)ဦး တက်ရောက် သင်ကြားခဲ့ပြီး ယနေ့တွင် သင်တန်းဆင်းပွဲ ကျင်းပခဲ့ကြောင်းနှင့် အဆိုပါသင်တန်းဆင်းပွဲသို့ ရေကြည် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ငါးသိုင်းချောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊(Youth Club) အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဒေသခံမျိုးဆက်သစ်လူငယ်များအနေဖြင့် အားကစားလှုပ်ရှားမှုများကို စနစ်တကျလေ့လာလိုက်စား၊ လေ့ကျင့်ခြင်းအားဖြင့် ကိုယ်ရောစိတ်ပါကျန်းမာကြံ့ခိုင်မှု ရရှိစေရန်နှင့် အားကစားကဏ္ဍ တိုးတက် မြင့်မားလာစေရန် ရည်ရွယ်၍ အဆိုပါ(အခမဲ့)သင်တန်းကို သက်ဆိုင်ရာဌာနနှင့် ပူးပေါင်းဖွင့်လှစ် ဆောင် ရွက် ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ငါးသိုင်းချောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်နှင်းယုဝေက ပြောကြားထားကြောင်း သိရှိရသည်။

မြို့(ပြန်/ဆက်)