ကျောက်တော်မြို့ မြို့မဈေးကြီးအတွင်း၌ မီးဘေးကြိုတင်ကာကွယ်ရေးသရုပ်ပြလေ့ကျင့်
Jan 22,2022
ရခိုင်ပြည်နယ်၊မြောက်ဦးခရိုင်၊ ကျောက်တော်မြို့ မီးဘေးကြိုတင်တားဆီးရေးကော်မတီ၏ ကြီးကြပ်ဆောင်ရွက်မှုဖြင့် မြို့မဈေးကြီး မီးဘေးလုံခြုံရေးအတွက် မီးဘေးကာကွယ်ရေးသရုပ်ပြလေ့ကျင့်ခြင်းကို ယမန်နေ့ နံနက် ၈ နာရီက ကိုဗစ်-၁၉ ကာကွယ်ရေး ဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ အဆိုပါ ဈေးကြီးအတွင်းရှိ ဈေးတာဝန်ခံရုံးရှေ့၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။