မကွေး ဇန်နဝါရီ ၂၂
မကွေးတိုင်းဒေသကြီးပြည်သူ့ဆေးရုံတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် လှူဒါန်းသည့် Oxygen Plant နှင့် အဆောက်အဦ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က တိုင်းဒေသကြီးပြည်သူ့ဆေးရုံးကြီး၊ (၅)ထပ် ဆောင်တွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်ဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းသည့် Oxygen Plant နှင့် အဆောက်အဦးအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများဖြစ်သည့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်လင်း၊ စီးပွားရေးရာ ဝန်ကြီး ဦးအောင်ချိန်၊ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ သောင်းလှိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းသည့် Oxygen Plantနှင့် အဆောက်အဦးအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးကချုပ် ဦးတင့်လွင်က လွှဲပြောင်းပေးအပ်ခဲ့ရာ တိုင်းဒေသကြီး ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းနီလာလှက လက်ခံရယူခဲ့ ကြောင်းသိရသည်။
ထို့နောက် Oxygen Plantနှင့် အဆောက်အဦးအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့မှ လှည့်လည်ကြည့်ရှုခဲ့ရာ တိုင်းဒေသကြီးပြည်သူ့ဆေးရုံအုပ်ကြီးက Oxygen Plantမှ တစ်နေ့လျှင် အောက်ဆီဂျင်ထွက်ရှိမှုအခြေအနေနှင့် လူနာများအတွက် ရယူသုံးစွဲမည့် အခြေအနေများအား ရှင်းလင်း တင်ပြခဲ့ကြောင်းသိရသည်။
ကိုစည်သူ