သတင်းများ

ဘူးသီးတောင်မြို့ အထက(၂) စာသင်ကျောင်း၌ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်း၊ မီးငြှိမ်းသတ်နည်း၊ ငလျင်ဇာတ်တိုက်လေ့ကျင့်သရုပ်ပြ အခမ်းအနားကျင်းပ
Jan 22,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းဝင်းနိုင် ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များသည် ယနေ့ ညနေပိုင်းက ဘူးသီးတောင်မြို့ အထက (၂) စာသင်ကျောင်း၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်း၊ မီးငြှိမ်းသတ်နည်း၊ ငလျင်ဇတ်တိုက် လေ့ကျင့်သရုပ်ပြ အခမ်းအနားကို ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့် အညီ ပြုလုပ်ခဲ့ကြောင်း သိရသည်။
နယ်လှည့်စာကြည့်တိုက်၊ အသိပညာနံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့်ဟောပြောပွဲ ကွင်းဆင်း ဆောင်ရွက်
Jan 22,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အင်တောမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ နယ်လှည့်စာကြည့်တိုက် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် အသိပညာပေး ဟောပြောပွဲကို ပညာရေးဌာနနှင့်ပူးပေါင်း၍ ယနေ့ မွန်းလွဲ ၂ နာရီက အမှတ်(၂)အခြေခံပညာမူလတန်းလွန်ကျောင်းသို့ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လှိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Jan 22,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် အသက်(၁၈)နှစ်နှင့် အထက် ပြည်သူများအား လှိုင်မြို့နယ်၊ အမှတ် ၁၂ ရပ်ကွက်၊ ယောဂီကျောင်းလမ်း၊ သိပ္ပံပစ္စည်းစက်ရုံဝန်းရှိ ကိုဗစ်-၁၉ ကုသရေးစင်တာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံ ပေးလျက်ရှိရာ ယနေ့ နံနက်(၉)နာရီ အချိန်တွင် ရပ်ကွက်(၁၆)ရပ်ကွက်ရှိ အသက်(၁၈)နှစ်နှင့် အထက် ပြည်သူများအား ပထမ အကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး (Covidshield) ထိုးနှံသူ စုစုပေါင်း (၄၅၀)ဦးနှင့် ဒုတိယ အကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinovac+Sinopharm) ထိုးနှံသူ စုစုပေါင်း(၃၄၂)ဦးအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။
သံဖြူဇရပ်မြို့နယ်တွင် အမျိုးသမီးများအား သားအိမ်ခေါင်းကင်ဆာရောဂါရှိ၊မရှိ အခမဲ့စစ်ဆေး
Jan 22,2022
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်တွင် အမျိုးသမီးများအား သားအိမ်ခေါင်းကင်ဆာရောဂါ ရှိ၊မရှိ ကို ဇန်နဝါရီ ၁၇ မှ ၂၁ ရက်နေ့ထိ နံနက် ၁၀ နာရီမှ ၁၂ နာရီထိ သံဖြူဇရပ် မြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် အခမဲ့စစ်ဆေးပေးကြောင်း သိရသည်။
ရန်ကုန်အ​နောက်ပိုင်းခရိုင် (ဗဟန်း) လူထုအ​​ခြေပြုဗဟိုဌာန၌ (၇၅) နှစ်မြောက် စိန်ရတုပြည်​ထောင်စု​နေ့ အထိမ်း​အမှတ်အကြို စာစီစာကုံးပြိုင်ပွဲကျင်းပ
Jan 22,2022
ရန်ကုန်အနောက်ပိုင်းခရိုင် (ဗဟန်း)၊ ပြန်ကြား​ရေးနှင့် ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၌ (၇၅)နှစ်​မြောက် စိန်ရတုပြည်​ထောင်စု​နေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်အ​နောက်ပိုင်းခရိုင် (ဗဟန်း) လူထုအခြေပြုဗဟိုဌာန Community Centre ၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေငြာသည့် ကိုဗစ်-၁၉ ကပ်ရောဂါ စည်းကမ်းချက်များ၊ လမ်းညွှန်ချက်များနှင့် အညီ ကျင်းပခဲ့ကြောင်း သိရသည်။
သရက်ချောင်းမြို့ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်ငွေများ ထုတ်ပေး လျက်ရှိ
Jan 22,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများ ပုံမှန်ထုတ်ပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြန်မာ့စီးပွားရေးဘဏ်၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြေပုံမြို့နယ် ပြည်သူ့စာကြည့်တိုက်ရှိ (Community Centre) ခန်းမတွင် စက္ကူခေါက်ပြိုင်ပွဲနှင့် စကားပုံဆက်ပြိုင်ပွဲကျင်းပ
Jan 22,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ရှိ (Community Centre) ခန်းမတွင် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စု နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ယနေ့ မွန်းလွဲ ၂ နာရီက စက္ကူခေါက်ပြိုင်ပွဲနှင့် စကားပုံဆက် ပြိုင်ပွဲကို ကျင်းပသည်။
သင်္ဃန်းကျွန်းမြို့နယ်တွင် အသက် (၁၈)နှစ်နှင့် အထက် ပြည်သူများအား (Sinovac) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ပထမအကြိမ် ဆက်လက်ထိုးနှံပေး
Jan 22,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် အသက်(၁၈ )နှစ်နှင့် အထက် ပြည်သူများနှင့် အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေး မထိုးနှံရသေးသော ပြည်သူ(၃၂)ဦး အား ဆ/ကရပ်ကွက်၊ ကျိုက္ကဆံဘုရားဝင်းအတွင်းရှိ ဓမ္မဗိမာန်တော်၌ ယနေ့ နံနက် ၈ နာရီမှ ညနေ ၃ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ပထမအကြိမ် ဆက်လက်ထိုးနှံ ပေးခဲ့ကြောင်း သိရသည်။