ကျောက်တော် ဇန်နဝါရီ ၂၂
ရခိုင်ပြည်နယ်၊မြောက်ဦးခရိုင်၊ ကျောက်တော်မြို့ မီးဘေးကြိုတင်တားဆီးရေးကော်မတီ၏ ကြီးကြပ်ဆောင်ရွက်မှုဖြင့် မြို့မဈေးကြီး မီးဘေးလုံခြုံရေးအတွက် မီးဘေးကာကွယ်ရေးသရုပ်ပြလေ့ကျင့်ခြင်းကို ယမန်နေ့ နံနက် ၈ နာရီက ကိုဗစ်-၁၉ ကာကွယ်ရေး ဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ အဆိုပါ ဈေးကြီးအတွင်းရှိ ဈေးတာဝန်ခံရုံးရှေ့၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ဆက်လက်၍ ကျောက်တော်မြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဌေးမင်းနိုင်က မြို့တစ်မြို့၊ ရွာတစ်ရွာတွင် ဒေသခံပြည်သူများ၏ စားဝတ်နေရေးအတွက် အဓီကအားထားနေရသည်မှာ မြို့ရွာတိုင်းရှိ ဈေးများပင်ဖြစ်ပါကြောင်း၊ အဆိုပါ ဈေးများ မီးဘေးအန္တရာယ်မှ ကင်းဝေးစေရန်နှင့် ဈေးရောင်းချသူများအနေဖြင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ယခုကဲ့သို့ မီးငြိမ်းသတ်ရေး သရုပ်ပြလေ့ကျင့်ရခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဈေးသူ/ဈေးသားများ အနေဖြင့် ပွင့်လင်းရာသီသို့ရောက်ရှိလာပြီဖြစ်ရာ မီးကိုပိုမိုဂရုပြုသုံးစွဲကြရန် လိုအပ်ကြောင်းပြောကြားပြီး မီးသတ်တပ်ဖွဲ့ဝင်များမှ မြို့မဈေးတာဝန်ခံရုံးမှ ဈေးတာဝန်ခံနှင့် ရုံးအဖွဲ့ဝင်များ၊ ဈေးသူ/ဈေးသားများအား မီးသတ်ဆေးဗူးအသုံးပြု၍ လက်တွေ့ မီးငြိမ်းသတ်ခြင်းနှင့် လတ်တလောမီးလောင်မှုများအား လက်တွေ့ မီးငြိမ်းသတ်ရေး သရုပ်ပြခြင်းအား လက်တွေ့မီးငြိမ်းသတ် သရုပ်ပြသကြပြီးနောက် ဈေးသူ/ ဈေးသား များမှလည်း လက်တွေ့မီးငြိမ်းသတ်ခြင်းများ၌ ပါဝင်သရုပ်ပြလေ့ကျင့်ခဲ့ကြောင်း သည်။
အဆိုပါ မြို့မဈေးကြီးမီးငြိမ်းသတ်သရုပ်ပြပွဲသို့ ကျောက်တော်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်နှင့် မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊မြို့နယ်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှု့ဆောင်အရာရှိနှင့် စည်ပင်သာယာရေး ဝန်ထမ်းများနှင့် မြို့မဈေးကြီး အတွင်းဖွင့်လှစ် ရောင်းချနေသော ဈေးသူ/ဈေးသားများ လာရောက်ကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။
ခင်မေင်ထွန်း