ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား ကာယဉာဏ်ဖွံ့ဖြိုးစေရေး ပျော်ပွဲရွှင်ပွဲများ ကျင်းပ

ရသေ့တောင်   ဇန်နဝါရီ    

ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌ ကျောင်းသား၊ ကျောင်းသူကလေးငယ်များအနေဖြင့် အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချ တတ်စေရန်နှင့် ကာယဉာဏဖွံ့ဖြိုးတိုးတက်စေရေး မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား ပျော်ပွဲရွှင်ပွဲများ ကျင်း ပပေးခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဉီးစွာ ပြိုင်ပွဲမစတင်မီ မြို့နယ်ဉီးစီးမှူး ဉီးအောင်စံထွန်းက ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များအား ပြိူင်ပွဲစည်းကမ်း များအား ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် အဖွဲ့လိုက် ဘောလုံးခြင်းထည့်ကစားနည်းဖြင့် ပြိုင်ကိုဆက်လက်ကျင်းပခဲ့ရာ မူဘတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၁၂)ဉီးတို့က ဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသည့် အဖွဲ့များအား မြို့နယ်ဉီးစီးမှူးက ဂုဏ်ပြု လက်ဆောင်များ ပေးအပ်ခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသင်ခန်းစာအပြင် အခြား အသိပညာဗသုတရရှိစေရေးအတွက် စာအုပ်စာပေများကို ဖတ်ရှုသည့် အလေ့အထများနှင့် စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှု ရှိစေရေးတို့အတွက် ပြိုင်ပွဲများအား ကျင်းပပေးလျက်ရှိကြောင်း သိရသည်။

အောင်စံထွန်း