ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး အခြေခံပညာကျောင်းများတွင် နို့တိုက်ကျွေး
Jan 22,2022
အခြေခံပညာမူလတန်းအရွယ် ကျောင်းသား၊ကျောင်းသူများ နို့သောက်သုံးပေးခြင်းဖြင့် အာဟာရ ပြည့်ဝပြီး ကျန်းမာသန်စွမ်း၍ ဉာဏ်ရည်မြင့်မားတိုးတက်စေရန်၊ နို့သောက်သုံးသည့် အလေ့ အကျင့်ကောင်းများရရှိစေပြီး ဉာဏ်ရည်ထက်မြတ်၍ ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်ကြီးထွားစေသည့် အကျိုးကျေးဇူးများ ရရှိစေရန်အတွက် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဇန်နဝါရီလ ၂၁ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့နှင့် ပတ်ဝန်းကျင်ဒေသများရှိ အခြေခံပညာ မူလတန်းကျောင်းများတွင် နို့နှင့်ကြက်ဥ များ တိုက်ကျွေးခဲ့ကြသည်။