ကျောက်မဲခရိုင်၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ဆောင်ရွက်

ကျောက်မဲ ဇန်နဝါရီ  ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမတွင် ယနေ့ နံနက် ၁၀ နာရီအချိန်က  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျောက်မဲမြို့နယ် မီးသတ် ဦးစီးဌာနတို့ ပူးပေါင်း၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေး  Talk Show ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျောက်မဲခရိုင်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်နှင်းရည်က Talk Show ဆောင်ရွက်ရခြင်း ၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး  ကျောက်မဲမြို့နယ် မီးသတ်ဦးစီးဌာနမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးမျိုးချစ်ဝေက  မီးဘေးလုံခြုံ‌ရေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်‌ရေး၊  ရှာဖွေကယ်ဆယ်ရေးနှင့်ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ရေးဆိုသည့် မီးသတ်ဦးစီးဌာန၏ ရည်မှန်းချက်တာဝန် ၄ ရပ်နှင့်အညီ လုပ်ငန်းများ ဆောင်ရွက်နေမှုများ၊ မီးသတိပြု ရမည့် အချက်အလက်ဆိုင်ရာများ၊ မီးဘေးကြိုတင် ကာကွယ်ရေးအတွက် ပြည်သူလူထုအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်သင့်သည့် အချက်များ၊ လျှပ်စစ်မီးနှင့်ဂက်စ် မီးဖိုများအသုံးပြုရာတွင် သတိပြုရမည့်အချက်များ အစရှိသည်တို့ကို အသေးစိပ်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်းသိရသည်။

ကျောက်မဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဌာနဆိုင်ရာများ၊ တတ်သိပညာရှင်များနှင့် ချိတ်ဆက်၍ အသိပညာ‌ပေး Talk Show များကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်းနှင့်  အဆိုပါ ဆွေးနွေးချက် ရုပ်သံအပြည့်အစုံတို့ကို ကျောက်မဲခရိုင် ပြည်သူ့စာကြည့်တိုက် Page တွင် လွှင့်တင်ပေးလျက်ရှိကြောင်း သိရသည်။

မိုင်းထွန်း