နောင်တရား ဇန်နဝါရီလ ၂၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့၌ ကယားပြည်နယ်မှ ခေတ္တခိုလုံရောက်ရှိနေသည့် နေရပ်စွန့်ခွာပြည်သူများ၏ ကလေးငယ်များကို အခြေခံဘာသာရပ်များ ဖြစ်သည့် မြန်မာစာ၊ သင်္ချာနှင့် အင်္ဂလိပ်စာ စသည့် ဘာသာရပ်များကို သင်ကြားပေးလျက်ရှိသည်။
ကယားပြည်နယ်မှ ခေတ္တခိုလုံရောက်ရှိနေသည့် နေရပ်စွန့်ခွာပြည်သူများ၏ ကလေးငယ်များ အသိပညာတိုးပွားစေရန်၊ ကျောင်းစာပေ နှင့် အလှမ်းမဝေးစေရန်အတွက် နောင်တရားမြို့ ပရဟိတလူငယ်များမှ ကလေးငယ်များကို ကျောင်းစာပေများ သင်ကြား ပေးလျက်ရှိသည်။ “ကျောင်းသားလေးတွေအတွက် သင်ထောက်ကူပစ္စည်းတွေလိုအပ်နေပါတယ် ကလေးတွေလည်း ကျောင်းစာတွေ နဲ့ အလှမ်းမဝေးအောင်၊ အသိပညာဗဟုသုတတွေလဲတိုးပွားစေချင်လိုပါ” ဟု နေရပ်စွန့်ခွာပြည်သူများ၏ ကလေးငယ် များကို စာပေသင်ကြားပေးနေသည့် ဆရာမတစ်ဦးကပြောသည်။
နောင်တရားမြို့တွင် ရတနာရန်နိုင်စေတီတော်ဓမ္မရုံ၊ ဗုဒ္ဓဓမ္မတောင်၊ ရွှေဘုန်းပွင့် ပညာဒါနကျောင်းများ၌ ခေတ္တခိုလုံ ရှောက်ရှိနေသည့် နေရပ်စွန့်ခွာပြည်သူများ၏ ကလေးငယ် (၁၀၀)ကျော်ကို မြန်မာစာ၊ သင်္ချာနှင့် အင်္ဂလိပ်စာဘာသာရပ်များကို သင်ကြားပေးလျက် ရှိကြောင်း သိရသည်။
ခွန်အောင်