ကျိုက်မရောမြို့နယ်၌ ၂၀၂၂ခု နှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲသို့ ကျောင်းသား၊ကျောင်းသူ(၇၀၄)ဦး ဝင်ရောက်ဖြေဆိုမည်

ကျိုက်မရော    ဇန်နဝါရီ   ၂၂

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ၂၀၂၂ခု နှစ် မတ်လ၃၀ရက်နေ့မှ ဧပြီ ၉ရက်နေ့အထိ ကျင်းပမည့် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ တွင် စာစစ်ဌာန(၃)ခုထားရှိပြီး ကျောင်းတွင်းဖြေဆိုသူ (၅၃၈) ဦး ပြင်ပဖြေဆိုသူ အတွဲ(၂)၆၆ဦး၊ အတွဲ၇(၁၀၀) ဦး စုစုပေါင်း(၇၀၄)ဦး တို့က ဖြေဆိုခွင့်လျှောက်လွှာများ တင်သွင်းထားကြောင်းသိရသည်။
တက္ကသိုလ်ဝင်စာစစ်ဌာနများအဖြစ် အ.ထ.ကကျိူက်မရော၊ အ.ထ.က.ကဒါ၊အ.ထ.က တရနာကျောင်းများ၌ စာစစ်ဌာနများ ဖွင့်လှစ် ထားရှိပြီး မြို့နယ်အချုပ်အနေဖြင့် အတွဲ(၁)ဖြေဆိုသူ ၅၃၈ ဦး အတွဲ(၂)ဖြေဆိုသူ ၆၆ ဦး၊ အတွဲ၇ဖြေဆိုသူ ၁၀၀ ဦး စုစုပေါင်း (၇၀၄) ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

 ချိုမြတ်မြတ်ထွေး