ကျိုက်မရောမြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲ၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ ပုံမှန်ထုတ်ပေးလျက်ရှိ

ကျိုက်မရော    ဇန်နဝါရီ   ၂၂

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲတွင် ယမန်နေ့နံနက်၈နာရီမှစတင်၍ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းများနှင့်အညီ လူစုလူဝေးမဖြစ်စေရေး အုပ်စုများခွဲ၍ စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ထိုကဲ့သို့ ပင်စင်လစာများ ထုတ်ပေးရာ၌ အသက်ကြီးအငြိမ်းစားဝန်ထမ်းများ၏ ကျန်းမာရေးကို ရှေးရှု၍ အချိန်မီလစာငွေများ ထုတ်ပေးနိုင်ရန်အတွက် မြန်မာစီးပွားရေးဘဏ်ခွဲဝန်ထမ်းများက ကူညီဆောင်ရွက်ပေးလျက်ရှိကာ သတ်မှတ်ထားသောအုပ်စုများ အလိုက် စနစ်တကျထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ကျိုက်မရောမြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းဦးရေမှာ(၇၅၀)ဦးရှိသဖြင့် ပင်စင်ထုတ်ယူရာတွင် အခက်အခဲမဖြစ်စေရန် အလှည့်ကျရက်များခွဲကာ သတ်မှတ်ရက်အတွင်း နေ့စဉ် နံနက်၈နာရီမှ ညနေ၃နာရီအထိ ဘဏ်ဖွင့်ချိန်များအတွင်း ပုံမှန် ထုတ်ပေးနေလျက်ရှိကြောင်းနှင့် ပင်စင်လစာများကို ဇန်နဝါရီ ၂၁ရက်နေ့ မှ ၂၈ရက်နေ့အထိ ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ စီးပွားရေးဘဏ်ခွဲ မန်နေဂျာ ဒေါ်မာမာလွင် ထံမှသိရသည်။


 ချိုမြတ်မြတ်ထွေး