ဇီးကုန်းမြို့နယ်တွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအား ကွင်းဆင်း ကြည့်ရှု စစ်ဆေး

ဇီးကုန်း    ဇန်နဝါရီ  ၂၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်တွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်တည်ဆောက်ရေးလုပ်ငန်းများ စိစစ်ရေးကော်မတီဝင်များက ယနေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ဇီးကုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးမျိုးသက်အောင်နှင့် မြို့နယ်တည်ဆောက်ရေးလုပ်ငန်းများ စိစစ်ရေးကော်မတီအဖွဲ့များ က ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည့် လုပ်ငန်းများဖြစ်သည့် ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာနှစ် ခွင့်ပြုငွေ ကျပ်(၃၈.၅၄၆)သန်းဖြင့် ဆောင်ရွက် သော အရှည် (၁. ၂၄ မိုင်၊   အကျယ် ၉ ပေ)မယင်းအနောက်စု ကျေးလက်ကုန်ထုတ်လမ်းအား လည်းကောင်း၊ မြို့နယ်စည်ပင်သာယာရေးမှ ဆောင်ရွက်သည့် ကုန်သည်လမ်း တိုးချဲ့ခြင်းနှင့် ကတ္တရာခင်း ခြင်းအား လည်းကောင်း၊  စာတိုက်လမ်း ကျောက်ချော တိုးချဲ့ခင်းခြင်းနှင့် ကတ္တရာခင်းခြင်းလုပ်ငန်းများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး၊ လုပ်ငန်းများ အရည်အသွေးပြည့်မီကောင်းမွန်စေရေး၊ အချိန်မီ ပြီးစီးစေရေးနှင့် လိုအပ်ချက်များရှိပါက သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရန် တို့ကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

တင့်ဆွေ