ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် စက်သုံးဆီဆိုင် များအား မြေပြင်ကွင်းဆင်းစစ်ဆေး

မောင်တော ဇန်နဝါရီ   ၂၁

ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် စက်သုံးဆီဆိုင်များအား ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်  ဗိုလ်မှူးတင်ဝင်းထွဋ်၊ ဦးဦးခင်မောင်၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ လက်ထောက်ညွန်ကြားရေးမှူး (နည်းပညာ) အောင်လွင်ဌေး၊ မြို့နယ် မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ထွန်းရွှေခိုင်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုဦးစီးမှူး ဦးဇာနည်ထွန်း၊ မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့ပေါ် ရှိ စက်သုံးဆီဆိုင်များတွင် ဆီဖြည့်နေစဉ် မီးလောင်မှု၊ မီးလန့်မှုများ၊ မဖြစ်ပွားစေရန်နှင့် စက်သုံးဆီ သိုလှောင်ထားရှိမှုများသည် မီးသတ်ဦးစီးဌာနမှ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့် ကိုက်ညီမှု ရှိမရှိ၊ မတော်တဆ မီးလောင်မှု ဖြစ်ပွားပါက မီးငြိမ်းသတ်ဆေးဘူးများထားရှိ အသုံးပြုတတ်စေရေး၊ စက်သုံးဆီဆိုင်များတွင် ပြည်သူများ သိရှိစေရေးအတွက် မီးဘေးလုံခြုံရေး ပညာပေးဆိုင်ဘုတ်များ ထားရှိစေရေးတို့ကို အကြုံပြုကွင်းဆင်းစစ်ဆေးခဲ့ ကြကြောင်း သိရသည်။ 

အောင်ကျော်စိန်၊သက်လွင်စိုး (ပြန်/ဆက်)