သတင်းများ

အိုမီခရွန်မျိုးဗီဇပြောင်း ကိုဗစ်-၁၉ရောဂါကာကွယ်ရေး မွန်၊ မြန်မာနှစ်ဘာသာဖြင့် အသိပညာပေး နှိုးဆော်
Jan 23,2022
မွန်ပြည်နယ် ခေါဇာမြို့တွင် အိုမီခရွန်မျိုးဗီဇပြောင်း ကိုဗစ်-၁၉ရောဂါပိုး ကြိုတင်ကာကွယ် သတိပြုနိုင်ကြစေရန်အတွက် အသိပညာပေးနှိုးဆော်ကြေညာခြင်းကို ခေါဇာမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ဝန်ထမ်းများသည်ယနေ့ နံနက်ပိုင်းက Hand Speaker ဖြင့် မြို့ပေါ် ရပ်ကွက်များနှင့်မြို့အနီးကျေးရွာများအတွင်း အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြိုအထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ နှင့်နံရံကပ်ဓာတ်ပုံပြပွဲ ပြုလုပ်ကျင်းပ
Jan 23,2022
(၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ အကြိုအထိမ်းအမှတ်အဖြစ် ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ယမန်နေ့နံနက်ပိုင်းက မေတ္တာကြေးမုံပရဟိတကျောင်းမှ ကျောင်းသားကျောင်းသူများ အား အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင် ဓာတ်ပုံပြပွဲပြုလုပ်ကျင်းပသည်။
မြောင်းမြတွင် ပြိုင်ပွဲဝင်အားကစားသမားများ​ ပြိုင်ပွဲဝင်​ရောက်နိုင်ရေး လေ့ကျင့်သင်ကြားပေးလျက်ရှိ
Jan 23,2022
၂၀၂၂ ခုနှစ်၊ဧရာဝတီတိုင်းဒေသကြီး၊အမျိုးသမီးရေးရာအဖွဲ့ နာယက ဖလား(၂၆)​ မြို့နယ် ၊ အသက် (၂၅)နှစ်​အောက် အမျိုးသမီးကိုယ်ကာယကြံခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်) ၅ ယောက်တွဲ၊ အခြေခံ (၄၆)ကွက်ပြိုင်ပွဲကို ၂၀၂၂ ခုနှစ် ၊ ဖေ​ဖော်ဝါရီလ (၁)ရက်​​နေ့ မှ(၂) ရက်နေ့အထိ ပုသိမ်မြို့၊ ကိုးသိန်းအားကစားပြိုင်ပွဲရုံတွင်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရပါသည်။
မုံရွာမြို့တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် ပါးစပ်နှာခေါင်းစည်း (Mask)များ အခမဲ့ ဖြန့်ဝေ
Jan 23,2022
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှဝင်းအောင် ဦးဆောင်ပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိ သူများ၊ လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ မုံရွာမြို့နယ်အတွင်း ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲ Omicron (အိုမီခရွန်) ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်းနှင့် ပါးစပ်နှာခေါင်းစည်း (Mask)များ အခမဲ့ ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက်(၈)နာရီ အချိန်က မုံရွာမြို့ ပြည်ထောင်စုလမ်းပေါ်ရှိ ယာယီကန် သာယာဈေးအတွင်း Hand Speaker ဖြင့် လှည့်လည်နှိုးဆော်ခဲ့ပြီး ပါးစပ်နှာခေါင်းစည်း (Mask) (၁၅၀၀)ခုကို ဈေးရောင်းဈေးဝယ်လာသူများနှင့် လမ်းသွား လမ်းလာပြည်သူများအား အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်းသိရသည်။
ငပု​တောမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအတွက် ထောက်ပံ့ငွေပေးအပ် 
Jan 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် ငပု​တောမြို့နယ်  လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၁-၂၀၂၂  ဘဏ္ဍာရေးနှစ်၊ ပထမ(၃)လပတ်အတွက်အသက်(၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ဇန်နဝါရီလ  ၂၂ ရက်နေ့  နံနက် ၁၀ နာရီအချိန်က ရပ်ကွက်ကျေးရွာများ အတွင်းရှိသက်ကြီးဘိုးဘွားများထံသို့ အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။ 
လှိုင်းဘွဲမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့်ကိုဗစ်မျိုးကွဲ အိုမီခရွန်(Omicron) အကြောင်း ပိုးကရင်၊မြန်မာဘာသာစကားတို့ဖြင့် ရပ်ကွက်များ၌အသိပညာပေးနှိုးဆော်
Jan 23,2022
ကရင်ပြည်နယ်၊ဘားအံခရိုင်၊လှိုင်းဘွဲမြို့နယ်၊ ကိုဗစ်-၁၉ရောဂါကူးစက်မှုများ မဖြစ်ပေါ်စေရေး၊ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် မြန်မာဘာသာနှင့်ပိုးကရင်ဘာသာ​စကားတို့ဖြင့် အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးနှင့် ကိုဗစ်မျိုးကွဲ အိုမီခရွန်(Omicron)အကြောင်း အများပြည်သူများ သိရှိနိုင်စေရန်အတွက် အသိပညာပေး လိုက်လံနှိုးဆော် ခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကြို့ပင်ကောက်မြို့နယ်ရုံးတွင် စာဖတ်ဝိုင်းကျင်းပပြုလုပ်
Jan 23,2022
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(Community Centre) တွင် စာရေးဆရာ နိုက် ရေးသားသော သမီးနှင့်သားသို့ပေးစာများ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို မြို့နယ် စာပေချစ်မြတ်နိုးသူများအသင်း နှင့်ပူးပေါင်း၍ ဇန်နဝါရီလ ၂၁ ရက်နေ့ မွန်းလွဲပိုင်းကပြုလုပ်ခဲ့သည်။